လာနေသည့် ရှုပ်ထွေးစွာပတ်သက်သော လုပ်ဆောင်မှုများကို အလေးထားဆွေးနွေးကြပါသည်။ နယ်ပယ်အတွင်းရှိ အချို့သော အစပြုဆွေးနွေးမှုများသည် နယ်ပယ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများ၊ ဒေသခံ ပြည်သူ များနှင့် တစ်ခါတစ်ရံတွင် အစိုးရအဖွဲ့အစည်းများမှ အဖြေရှာမှုများကို အတူတကွ လုပ်ကိုင်ကြပါသည်။ အဆိုပါ ဆွေးနွေးမှုများထဲရှိ အများစုကို ယခု SWIA တစ်ခုလုံးတွင် ကိုးကားဖော်ပြထားပါသည်။ (အပြည်ပြည်ဆိုင်ရာ စံချိန် စံညွှန်းများနှင့် လမ်းညွှန်ချက်ဇယားများ အပါဝင် မြန်မာပြည်တွင် အစပြုဆွေးနွေးနေမှုများကို အခန်း ၄ နှင့် ၅ တို့၏ အဆုံးတွင် ကြည့်နိုင်ပါသည်။) အဆိုပါဆွေးနွေးမှုများသည် မြန်မာနိုင်ငံတွင်လုပ်ကိုင်နေသော ကုမ္ပဏီများနှင့် အသိပေးဆွေးနွေးရာတွင် ထိတွေ့ ဆက်ဆံနိုင်ရန်အလို့ငှာ အရပ်ဘက် အဖွဲ့အစည်းများက အသုံးပြုနိုင်သည့် အိုင်စီတီကဏ္ဍနှင့် ချိတ်ဆက်လုပ်ကိုင်နေ သော ကုမ္ပဏီများထံမှ လုပ်ပေးရန်မျှော်လင့်နိုင်သည့် အချက်များအပေါ် လမ်းညွှန်ချက်ထောက်ပံ့ပေးပါသည်။ ၃။ အိုင်စီတီကဏ္ဍအတွင်းရှိ လူ့အခွင့်အရေးကိစ္စရပ်များ၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စ ရပ်များအတွက် နယ်ပယ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေးပွဲများကို ပြုလုပ်ရေးအတွက် ကုမ္ပဏီများနှင့် အစိုးရများကို တိုက်တွန်းအားပေးသွားရန်။ အိုင်စီတီဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးနိုင်ရန်အတွက် အများလက်ခံသည့် မူဘောင်တစ်ခုအတွင်း ကုမ္ပဏီများ၊ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ အတူတကွပါဝင်လာသည့် နယ်ပယ်အသီးသီးမှ အကျိုးလိုလားသည့် တွေ့ဆုံ ဆွေးနွေးပွဲမျိုးကို အစပျိုးလုပ်ဆောင်မှုများ မြန်မာနိုင်ငံတွင် မရှိသေးပါ။ အိုင်စီကဏ္ဍ အလုပ်အဖွဲ့ 6 (ICT Sector Working Group) တွင် အစိုးရအဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အလှူရှင်အဖွဲ့အစည်းများသာ ပါဝင်သည်ကို တွေ့ရပါသည်။ မြန်မာကွန်ပျူတာအသင်းချုပ်၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအတွက် အမေရိကန် အိုင်စီတီကောင်စီ (The US ICT Council for Myanmar) ကို အမေရိကန်သံရုံးမှ စတင်ဖွဲ့စည်း လုပ်ဆောင်ခဲ့ပါသည်။ အစိုးရနှင့် ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Open Government Partnership - OGP) အောက်တွင် အစိုးရအနေဖြင့် ၎င်း၏လုပ်ဆောင်မှု အစီအစဉ်များအပေါ်တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးရမည် ဖြစ်ပါသည်။ သို့သော်လည်း OGP အနေဖြင့် အိုင်တီစီကဏ္ဍတွင် သင့်လျော်သည့် အကာကွယ်ပေးမှုများကို တည်ဆောက်ခြင်းနှင့် ဆက်နွှယ်သည့် ကိစ္စ ရပ်များ အားလုံးအတွက် လုပ်ဆောင်ပေးနိုင်ခြင်း မရှိပေ။ ယင်းအခြေအနေတွင် အခြားနေရာများမှ သင်ခန်းစာများကို ရယူကာ၊ ကဏ္ဍ၏ ရေရှည်ဦးတည်ချက်များအတွက် ပုံဖော်ရန် အခွင့်အရေးများ ရှိနေပါသေးသည်။ အိုင်စီတီ ကဏ္ဍတွင် နယ်ပယ်အသီးသီးရှိ အကျိုးလိုလားသည့် လူပုဂ္ဂိုလ်အားလုံး တွေ့ဆုံဆွေးနွေးမှု တစ်ခုကို အကောက်အထည်ဖော် လုပ်ဆောင်ခြင်းဖြင့် အစိုးရမှ ကတိပြုထားသော ပြည်သူကိုဗဟိုပြုသည့် နည်းလမ်းကို အကောင်အထည်ဖော်ရန် ကူညီနိုင်ပါသည်။ ယင်းလုပ်ဆောင်မှုသည် အင်တာနက်စီမံအုပ်ချုပ်မှုအတွက် လိုက်လျော ညီထွေမှုရှိသည့် နည်းလမ်းတစ်ခုအပေါ် ကြီးထွားတိုးတက်လာနေသော နိုင်ငံတကာ လုပ်ဆောင်မှုများ7 နှင့်အညီ လုပ်ဆောင်နိုင်ပေမည်။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) အနေဖြင့် ယင်း တွေ့ဆုံ ဆွေးနွေးပြောဆိုမှုများကို အထောက်အကူပေးရန် အဆင်သင့်ရှိပါသည်။ ၄။ အမုန်းစကားပြောကြားခြင်းကို ဆန့်ကျင်ပြောကြားမှု (counter-speech) အပါအဝင် အွန်လိုင်းတွင် အန္တရာယ်ကင်းပြီး ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေသည့် အပြုအမူများကို မြန်မာပြည်သူလူထု အား အသိပညာပေးရန် ကြိုးစားအားထုတ်မှုများကို အစပျိုးပံ့ပိုးပေးရန် ။ အရပ်ဘက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် အိုင်စီတီနည်းပညာများ ရယူသုံးစွဲခြင်း၏ အန္တရာယ်နှင့် အကျိုး ကျေးဇူးများကို အသုံးပြုသူများအား ပညာပေးရာတွင် ကူညီလုပ်ဆောင်ရာတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင် လုပ်ဆောင်နိုင်ပါသည်။ တိုင်းပြည်တွင်အသုံးပြုသည့် ဘာသာစကား အများအပြားရှိသည်ဖြစ်ရာ အထူးသဖြင့် အရပ် ဘက်အဖွဲ့အစည်းများအနေဖြင့် ရှင်းလင်းပြီး အလွယ်တကူ နားလည်နိုင်သည့် ရှင်းလင်းချက်များ၊ သင်တန်းဆိုင်ရာများ၊ 32 6 ကဏ္ဍအလိုက် အလုပ်အဖွဲ့အများအကြောင်း စုစည်းစာမျက်နှာတွင် ကြည့်ရန် 7 ဥပမာ အင်တာနက် အုပ်ချုပ်မှုဆိုင်ရာ ကမ္ဘာ့ကော်မရှငတ်ွင် ကြည့်ရန် မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း

Select target paragraph3