ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နိုင်ခွင့်ကို အားပေးရန်။ အမုန်းစကားများကို ပြန်လှန်တုန့်ပြန်ရန်နှင့် အင်တာနက်နှင့်
အိုင်စီတီနည်းပညာဆိုင်ရာတွင် အမုန်းစကားပြောဆိုနေမှုများကို ဖယ်ရှားနိုင်ရန်အတွက် နိုင်ငံအနှံ့ နည်းအမျိုး
မျိုးဖြင့် ကြိုးပမ်းလုပ်ကိုင်နေကြသည်များကို အားပေးရန်။
၆။ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တို့မှ နိုင်ငံတော်အဆင့်အထိ ကောင်းကျိုးသက်ရောက်မှုများကို ဖန်တီးနိုင်
မည့် နည်းဗျူဟာများကို ချဲ့ထွင်လုပ်ဆောင်ရန်။
ဒေသခံပြည်သူများနှင့် အသုံးပြုသူများဖြင့်/အတွက်/ပါဝင်၍ လူမှုရင်းနှီးမြှုပ်နှံမှု အ���ီအစဉ်များကို အကောင်
အထည်ဖော်ရန်။ ထိုသို့လုပ်ဆောင်ရာတွင် ဒေသခံနှင့် အသုံးပြုသူများအား ဦးတည်သည့် တာဝန်ယူမှုရှိသော
စီးပွားရေးလုပ်ငန်းဗျူဟာ (Strategic CSR)များ ထားရှိဆောင်ရွက်ရန်နှင့် အဆိုပါအစီအစဉ်များ လုပ်ကိုင်ရာတွင်
နှစ်ပတ်လည်အစီရင်ခံစာနှင့် ငွေစာရင်းများကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ခြင်းများ အပါအဝင် အစီအစဉ်
များ ပတ်သက်၍ တွေ့ဆုံညှိနှိုင်းမှုနှင့် ပွင့်လင်းမြင်သာမှုရှိမှု သေချာစေရန်။
အိုင်စီတီ လုပ်ငန်းဆောင်ရွက်သူများနှင့် တစ်ဆင့်ခံ လုပ်ဆောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်
စေရေး ဒေသခံစီးပွားရေးလုပ်ငန်းများ၏ အရည်အသွေးများတိုးတက်စေရန်။ အသေးစား စီးပွားရေးလုပ်ငန်းများနှင့်
စွန့်ဦးတီထွင် လုပ်ကိုင်မှုများအား မြှင့်တင်သည့်အစီအစဉ်များ လုပ်ဆောင်ရန်။
မသန်စွမ်းသူများအတွက် အလုပ်အကိုင်ခန့်ထားမှုများ လွန်စွာနည်းပါးရုံမက မသန်စွမ်းသူများမှ ဝန်ဆောင်မှုများ
ရယူအသုံးပြုနိုင်မှု မလွယ်ကူသည့် အနေအထားတွင် မသန်စွမ်းသူများအား အိုင်စီတီဝန်ဆောင်မှုများ ရယူအသုံး
ပြုနိုင်ရန်အတွက် ထောက်ပံ့ပေးခြင်းနှင့် နိုင်ငံတွင်းရှိ မသန်စွမ်းသူများ၏ လူနေမှုဘဝ တိုးတက်ကောင်းမွန်စေရေး
ချမှတ်လုပ်ဆောင်ရန်။
ဒေသခံဘာသာစကားဖြင့် အသုံးပြုနိုင်စေရန် လုပ်ဆောင်ပေးရေးနှင့် ဘာသာစကား ပြောင်းလဲနိုင်သော အရင်း
အမြစ်များကို ရယူနင
ုိ ေ
် ရးတိက
ို့ ထောက်ပေ
ံ့ ပးရန်အတွက် အစိုး ရအဖွအ
ဲ့ စည်းများ အပါအဝင် အခြားသော နယ်ပယ်
အသီးသီးမှ လူပုဂ္ဂိုလ်များဖြင့် ပူးပေါင်းလုပ်ဆောင်ရန်။
30
မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း