အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မည်ဆိုလျင် တာဝန်ယူမှုရှိသော စီပွားရေးလုပ်ငန်း၏ ကျင့်ဝတ်များကို လိုက်နာရမည်ဆိုသည့်အချက်ကို အစိုးရ၏ မျှော်မှန်းချက်အဖြစ် ချမှတ် ထားကြောင်းကို စီးပွားရေးလုပ်ငန်း မှတ်ပုံတင်စဉ်ကာလ သို့မဟုတ် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက် ရယူစဉ် ကာလတစ်လျောက်လုံးတွင် အသိပေးရန်။ ယင်းအချက်ကို ဥပမာအားဖြင့် ပြည်တွင်းနှင့် နိုင်ငံခြား ကုမ္ပဏီများအားလုံးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အများပြည်သူသိစေနိုင်သည့် လမ်းညွှန်မှုပုံစံဖြင့် အသိပေးလုပ်ဆောင်နိုင်ပါသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်များထဲတွင် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်များနှင့်သက်ဆိုင် သော စာချုပ်စာတမ်းဆိုင်ရာ သဘောတူညီမှုနှစ်ခုအား ထည့်သွင်းရေးဆွဲရန်။ လိုအပ်ချက်များအဖြစ် - • တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းအလေ့အထများကို လိုက်နာဆောင်ရွက်ရာတွင် ကုမ္ပဏီကျင့်သုံးသည့် နည်းလမ်းများနှင့် ရလဒ်များကို ရှင်းလင်းဖော်ပြသည့် နှစ်ပတ်လည် အစီရင်ခံစာထုတ်ပြန်ရန်။ • မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိသော ကုမ္ပဏီများအားလုံးသည် အလုပ်သမားများ၊ ရပ်ရွာ လူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများတို့၏ စိုးရိမ်မှုများနှင့် တိုင်ကြားမှုများကို စံနစ်တကျ လက်ခံရယူပြီး ဖြေရှင်းပေးနိုင်သည့် ယန္တရားများ တည်ဆောင်ထားရှိရန်၊ အဆိုပါ ယန္တရားများကို ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူ၏ ပုဒ်မ ၃၁ ရှိ ကုစားမှုများအတွက် ထိရောက်မှုရှိစေမည့် အခြေခံစည်းမျဉ်း ရှိ ဆုံးဖြတ်ချက်များနှင့် ကိုက်ညီစွာ တည်ဆောက်သင့်ပါသည်။ အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ 21

Select target paragraph3