အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ
တယ်လီဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းပေးသူများ လိုက်နာရမည့် လက်ရှိနိုင်ငံတစ်ဝန်း ကွန်ရက်တပ်
ဆင်မှုလုပ်ငန်းစဉ်၏ လိုအပ်ချက်များကို ၄င်းတို့၏ လက်ရှိတိုးတက်မှုများနှင့် ယှဉ်၍ အများပြည်သူသိရှိနိုင်အောင်
ချပြရန်။
ကျေးလက်ဒေသများသို့ ချိတ်ဆက်မှုများတိုးချဲ့နိုင်ရေး ကမ္ဘာ့ဘဏ်မှ ထောက်ပံ့သည့် စီမံကိန်းမှ ရရှိသည့်
သင်ခန်းစာများပေါ်တွင် အခြေပြုတည်ဆောက်ရန်။
၂ဝ၁၃ ခုနှစ် ဆက်သွယ်ရေးဆိုင်ရာဥပဒေ၏ အခန်း(၁၅)ကို အကောင်အထည် ဖေါ်ခြင်းကို ပထမခြေလှမ်းအနေဖြင့်
အားလုံးအတွက် ဝန်ဆောင်မှုပေးနိုင်ရေး နည်းဗျူဟာတစ်ခုကို စတင်ဖော်ဆောင်ရန်။ အားလုံးအတွက် ဝန်ဆောင်
မှုပေးမည့် နည်းဗျူဟာနှင့် ရန်ပုံငွေဆိုင်ရာကိစ္စရပ်များအတွက် တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုများ (မို
ဘိုင်းလ်နှင့် မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုနှစ်ခုစလုံး) ကွန်ရက်တပ်ဆင်မှု၏ ဦးစားပေးနယ်မြေ သတ်မှတ်
နိုင်ရေး တိုင်းရင်းသားလူနည်းစုများနှင့် အခွင့်အလမ်းနည်းပါးသော လူအုပ်စုများ - ဥပမာ မသန်စွမ်းသူများ အပါအဝင် လူပေါင်းစုံနှင့် ကျယ်ပြန်စွာဖြင့် တိုင်ပင်ဆွေးနွေးရန်။
မြန်မာအစိုးရမှ ဈေးနှုန်းသက်သာစွာဖြင့် အင်တာနက်အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်မှု (AFAI)ကို ကတိပြု
ထားသည့် မြန်နှုန်းမြင့်အင်တာနက်အား ရယူအသုံးပြုနိုင်သည့် ဈေးနှုန်းဖြစ်သော အထူးသဖြင့် ကျေးလက်နေ
ပြည်သူလူထု တစ်လဝင်ငွေ၏ ၅ ရာခိုင်နှုန်းအောက်ဖြင့် ရယူနိုင်ရေးကို အားလုံးအတွက် ဝန်ဆောင်မှုပေးနိုင်ရေး
ရန်ပုံငွေမှ မည်သို့ထောက်ပံ့ပေးနိုင်မည်ဆိုသည့်အချက်ကို ရှင်းလင်းအောင် ဆောင်ရွက်ရန်။
အားလုံးအတွက် ဝန်ဆောင်မှုပေးနိုင်ရေး ရန်ပုံငွေကို ဒေသအခြေပြု တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက်အား
ထောက်ပံ့ပေးရာတွင် ခွဲဝေသုံးစွဲနိုင်ရေးနှင့် လက်တလော ကာလအတွင်း တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှု
ရယူနိုင်ခြင်းမရှိသော ကျေးလက်ဒေသများတွင် အသုံးပြုနိုင်မည့် ကြိုးမဲ့အင်တာနက် ဆက်သွယ်မှုလှိုင်းများကို
တပ်ဆင်ပေးနိုင်ရေးတို့ကို ထည့်သွင်းစဉ်းစားရန်။ ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် ချိတ်ဆက်ဆက်သွယ်မှု၏ အစွန်
ဆုံးဒေသအထိတိုင် ဈေးနှုန်းသက်သာသည့် ဒေသအခြေပြု တယ်လီဖုန်းဆက်သွယ်ရေး ကွန်ရက်များ တိုးမြှင့်
တည်ဆောင်ရေးကို အထောက်အကူ ဖြစ်စေပါသည်။
၈။ အသုံးပြုသူများ၏ ဒီဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်နှုန်း တိုးပွားစေရန်နှင့် အိုင်စီတီနည်း
ပညာများကို မှန်ကန်စွာသုံးစွဲရန်အတွက် အသိပညာပေးခြင်း။
မြန်မာနိုင်ငံတွင် အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းမှ အပြောင်းအလဲဖြစ်စေမည့် ကောင်းကျိုးများစွာက��ု ဆောင်ကြဉ်း
ပေးနိင
ု စ
် ရန် အစိုး ရအနေဖြင့် ပြည်သမ
ျူားအားလံုး ဖွံ့ ဖြိုးလာသည့် နိင
ု င
် ၏
ံ သတင်းနည်းပညာ အသိက
ု အ
် ဝန်းတွင် ပါဝင်
နိုင်စေရေး လုပ်ဆောင်ပေးရမည် ဖြစ်ပါသည်။ အဆိုပါ နည်းပညာဝန်ဆောင်မှုများကို မှန်ကန်စွာအသုံးပြုရန်လိုအပ်ပါ
သည်။ သို့မှဟာ ပြင်ပလောကတွင် ဖြစ်ပွားနေသော အကြမ်းဖက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများ အွန်လိုင်းပေါ်တွင်
ပိုမိုချဲ့ကားကာ ပြန့်ပွားရောက်ရှိလာခြင်းမျိုး မဖြစ်ပွားရန်ဖြစ်သည်။ ထိုသို့ မဖြစ်ပွားရန် အစိုးရအပါအဝင် ထင်မြင်ချက်
ပေးသူများက ခိုင်ခိုင်မာမာရပ်တည် ပြောဆိုမှုများ လိုအပ်ပါသည်။ အိုင်စီတီနှင့် ထိတွေ့ဆက်ဆံမှုသည် မြန်မာပြည်သူ
အများစုအတွက် အတွေ့အကြုံသစ်တစ်ခု ဖြစ်နေပါသည်။ သို့ဖြစ်ရာ အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့်
လူမှုအသိုက်အဝန်းများမှ ပညာပေးအစီအစဉ်များ ပံ့ပိုးခြင်း၊ ခြိမ်းခြောက်မှုအနရ
္တာယ်များမှ မည်သို့ကာကွယ်ရမည်ကို
လေ့ကျင့်သင်ကြားပေးခြင်းများကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ပါသည်။ (အခန်း ၃ တွင် ကဏ္ဍအလိုက် သက်ရောက်
မှုနှင့် အခန်း ၄.၃ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေးအတွက် ပိုမိုပြည့်စုံစွာ ဖတ်ရှုနိုင်ပါသည်။)
18
မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း