၃။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အသင်းဖွဲ့စည်းခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ မြေယာ အသုံးပြုမှုနှင့် စီမံမှုဆိုင်ရာကိစ္စရပ်များနှင့် အလုပ်သမားကိစ္စရပ်များတွင် ပိုမိုကျယ်ပြန့်သော တရားဥပဒေပြုပြင်ပြောင်း လဲရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန်။ ထိုသို့ လုပ်ဆောင်ခြင်းသည် အိုင်စီတီကဏ္ဍတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အထများအတွက် ကြောင်းကျိုးဆီလျော်သည့် မူဘောင် နှင့် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် သင့်လျော်သော ကာကွယ်ပေးမှုများ ပါရှိရန်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အိုင်စီတီကဏ္ဍနှင့် အိုင်စီတီနည်းပညာများ အသုံးပြုသူများအပေါ် သက်ရောက်သည့်ဥပဒေ အများ အပြားရှိပါသည်။ အဆိုပါ ဥပဒေအများအပြားသည် အစိုးရ၏ ရည်မှန်းချက်ကြီးသည့် ဥပဒေရေးရာနှင့် စည်းမျဉ်း စည်းကမ်းပြုပြင်ရေး လုပ်ဆောင်မှုများ၏ အစိတ်အပိုင်းဖြစ်သည်။ အိုင်စီတီကဏ္ဍအတွက် သီးသန့်လုပ်ဆောင်သော ဥပဒေများဖြစ်ရာ အဆိုပါဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် ကဏ္ဍပိုမိုတိုးတက်ရေးကို အားပေးသင့်သည်။ တစ်ဖက်တွင်လည်း လူအများ၏ အခွင့်အရေးများကို ကာကွယ်ပေးခြင်းနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အထများ ထွန်းကားလာအောင် တွန်းအားပေးသင့်ပါသည်။ (အခန်း ၂ တွင် အိုင်စီတီအစိုးရအဖွဲ့အစည်းများ၊ မူဝါဒများနှင့် ဥပဒေရေးရာ မူဘောင်များကို ပိုမိုပြည့်စုံစွာ သိရှိနိုင်ရန် ဖတ်ရှုနိုင်ပါသည်။) အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ လွတ်လပ်စွာပြောဆိုခွင့်နှင့် အသင်းဖွဲ့စည်းခွင့် အိုင်စီတီနည်းပညာနှင့် ဝန်ဆောင်မှုများအသုံးပြုကာ ဆန္ဒထုတ်ဖော် ရေးသားပြောဆိုမှုများ တိုးပွားများပြားလျက် ရှိရာ ဆန့်ကျင်ကန့်ကွက်မှုများနှင့် ဆန္ဒပြထုတ်ဖော်မှုများအား ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းကို ဖယ်ရှားရန် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ဆက်စပ်သည့် ဥပဒေကိုပြင်ဆင်ရန်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့် အဓိကျသော ဥပဒေများကို ပြင်ဆင်ရန်။ ယင်းအချက် များထဲတွင် ၁၉ဝ၈ ခုနှစ် မတရားအသင်း ဖွဲ့စည်းခြင်းဥပဒေ၊ ၁၉၅ဝ အရေးပေါ်တားမြစ်သည့် အက်ဥပဒေ၊ ၁၉၂၃ တရားဝင် လျှို့ဝှက်ခွင့်အက်ဥပဒေနှင့် အမျိုးမျိုးသော ပြစ်မှုဆိုင်ရာ ပုဒ်မများ၊ အထူးသဖြင့် ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ (ခ) တို့ ပါဝင်ပါသည်။ “ဆင်ဆာဖြတ်ခြင်းမှ ကင်းလွတ်ခွင့်“ နှင့် အစိုးရအား လွတ်လပ်စွာဝေဖန်ခွင့်ကိုပါ ခွင့်ပြုသည့် ၂ဝ၁၄ သတင်း မီဒီယာဥပဒေတွင် ပါဝင်သည့် ပုဒ်မ ၃ နှင့် ပုဒ်မ ၄ ကို အပြည့်အဝ အကောင်အထည်ရန်။ အွန်လိုင်း သတင်း ထောက်များ အပါအဝင် သတင်းသမားများသည် မိမိတို့၏ တရားဝင်လုပ်ငန်းများကို တည်းဖြတ်ပိတ်ဆို့ခံရခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းတို့အတွက် စိုးရိမ်ကြောက်ရွံ့စရာ မလိုဘဲ လုပ်ဆောင်နိုင်ရေးကို သေချာမှု ရှိစေရန်။ အခန်း ၄.၁ တွင် လွတ်လပ်စွာ ပြောဆိုခွင့် အတွက် ပိုမိုပြည့်စုံစွာ ဖတ်ရှုနိုင်ပါသည်။ အလုပ်သမားရေးရာ ကိစ္စရပ်များ နိုင်ငံတကာ စံချိန်စံညွန်းများနှင့်အညီ အားလုံးအကျုံးဝင်မည့် အလုပ်သမားဥပဒေမူဘောင်တစ်ရပ် ချမှတ်ရန်။ ဥပဒေ၏အကာအကွယ်ပေးမှုသည် ယာယီအလုပ်သမားများနှင့် ရွှေ့ပြောင်း အလုပ်သမားများအပါအဝင် အလုပ် သမားများအားလုံး ရရှိခံစားခွင့် ရှိစေရန်။ အိုင်စီတီကဏ္ဍတွင် မျှော်မှန်းထားသည့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာပြီး၊ အရည်အသွေးပြည့်မီသော မြန်မာနိုင်ငံသားအလုပ်သမားများကို လုပ်ငန်းခွင်တွင် မြဲအောင် ထိန်း ထားနိုင်ရေးယှဉ်ပြိုင်မှုတို့ တိုးမြှင့်လာနိုင်သည်ဟု မျှော်မှန်းထားရာနှင့် အစိုးရက တာဝန်ခံထားသည့် အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့၏ “ကောင်းမွန်သော လုပ်ငန်းခွင်” (decent work) အစီအစဉ်ကို အားဖြည့်လုပ်ဆောင် ခြင်းသည် အလုပ်သမားများနှင့် အိုင်စီတီကဏ္ဍမှ အလုပ်ရှင်များအတွက် အရေးကြီးသည့် အချက်ဖြစ်သည်။ 12 မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း

Select target paragraph3