အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ အိုင်စီတီကဏ္ဍအတွက်ရေးဆွဲမည့် မဟာစီမံကိန်းများထဲတွင် ပုဂ္ဂလိကလုပ်ငန်းများ လုပ်ငန်းလည်ပတ်ရာတွင် ဖြစ်သင့်သည့် လူ့အခွင့်အရေးများ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုက်အဝန်းအတွက် အကာအကွယ်များ ထည့်သွင်းရေးဆွဲရန်။ ယင်းအချက်ကို ထည့်သွင်းသင့်သည့် မဟာစီမံကိန်းများမှာ အိုင်စီတီ မဟာစီမံကိန်း၊ နည်းပညာသုံးအုပ်ချုပ်မှု (E-Governance) မဟာစီမံကိန်းနှင့် ဆက်သွယ်ရေး မဟာစီမံကိန်းတို့ ပါဝင်သည်။ အကြံပြုထားသည့် အကာအကွယ်ပေးရမည့် အချက်များကို စီးပွားရေးလုပ်ငန်းကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA) ၏ အခန်းတိုင်း၏ အဆုံးသတ်တွင် ထင်ရှားစွာထည့်သွင်း ဖော်ပြပေးထားပါသည်။ ထို့အပြင် မဟာစီမံကိန်းတိုင်းတစ်ခုချင်းစီတွင် ပို၍ကျယ်ပြန့်သည့် အစိုးရပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ တာဝန် ယူ တာဝန်ခံမှုရှိရေးနှင့် အများပြည်သူပါဝင်နိုင်စေရေးတို့ကို ဖော်ဆောင်ရေးသံဓိဌာန်တစ်ရပ်အပေါ် အခြေခံပြီး လုပ်ဆောင်သင့်ပါသည်။ ထိုသို့ ချမှတ်ထားသည့်သံဓိဌာန်၏ လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် အစိုးရ သည် မဟာစီမံကိန်းများအပေါ် နယ်ပယ်အသီးသီးမှ တာဝန်ရှိလူပုဂ္ဂိုလ်များ ပူပေါင်းပါဝင်ပြီး မှတ်ချက်များ ပေးနိုင် စေရန်အတွက် လုံလောက်သည့် အချိန်ကာလတစ်ခု ထားရှိပေးကာ ပွင့်လင်းပြီး အများပြည်သူပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးတိုင်ပင်နှီးနှောဖလှယ်မှုများ ဖြစ်ပေါ်စေရေး ဆောင်ရွက်သင့်ပါသည်။ (အခန်း ၂ တွင် အိုင်စီတီအစိုးရ အဖွဲ့အစည်းများ၊ မူဝါဒများနှင့် ဥပဒေရေးရာမူဘောင်များကို ပိုမိုပြည့်စုံစွာ သိရှိနိုင်ရန် ဖတ်ရှု နိုင်ပါသည်။) အိုင်စီတီကဏ္ဍအတွက် မဟာဗျူဟာမြောက် လမ်းကြောင်းသစ်များ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ဆောင်ရာတွင် အရှည်သဖြင့်နှင့် စုပေါင်းများပြားလာနိုင်သည့် လူ့အခွင့်အရေး၊ သဘာဝပတ်ဝန��းကျင်နှင့် လူမှုရေးရာသက်ရောက် မှုကစိ ရ္စ ပ်များကို အမျိုးအမည် ခြွဲ ခားခြင်း၊ ကာကွယြ် ခင်းနှင့် ထိခကို မှ်ေု လျာ့နည်းအောင် လုပေ် ဆာင်ခြင်းတိက့ို ဆောင် ရွက်ရန်။ အဆိုပါအချက်ကို ICT Parks များ ပိုမိုဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှုများ တိုးမြှင့်နိုင်ရေး သို့မဟုတ် ပြင်ပ စီးပွားရေးလုပ်ငန်းများမှ အလုပ်အပ်ခြင်းများ တိုးမြှင့်ရရှိနိုင်ရေးတို့တွင် အသုံးချနိုင်ပါသည်။ အရှည်သဖြင့်နှင့် စုပေါင်း ဆိုးကျိုးသက်ရောက်မှုများကို လျော့ချနိုင်ရန်နှင့် ရှောင်ရှားနိုင်ရန် ရည်ရွယ်အသုံးပြုသင့်သည်။ (အခန်း ၅ တွင် စုပေါင်းသက်ရောက်မှုများအကြောင်းကို ပိုမိုပြည့်စုံစွာ ဖတ်ရှုနိုင်ပါသည်။) အစိုးရအနေဖြင့် အိုင်စီတီကဏ္ဍ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကြိုတင်ခန်မှန်းနိုင်သော သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ - အထူး သဖြင့် အိုင်စီတီနှင့်ဆက်စပ်သည့်ပစ္စည်းများ စွန့်ပစ်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် လျှပ်စစ်ပစ္စည်းအမှိုက်များ (e-waste) အတွက် စဉ်းစား စီမံထားသင့်ပါသည်။ ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအား လွတ်လပ်သည့်အိုင်စီတီစည်းမျဉ်းစည်းကမ်းဆိုင် ရာကြီးကြပ်သည့် ဌာနတစ်ခုအဖြစ်လည်းကောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ပုဂ္ဂလိကဆက်သွယ်ရေး လုပ်ငန်းလုပ်ကိုင်သူနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူ (ISP) တစ်ဦးအနေဖြင့်လည်းကောင်း တည်ထောင်ကာ ဆက်သယွေ် ရးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အပြောင်းအလဲ လုပေ် ဆာင်မကှို ပြီးပြတ်အောင် ဆောင်ရွက်ရန်။ အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ 9

Select target paragraph3