3/23/22, 10:05 AM သတင်းအားလုံး သတင်း ကုန်ပစ္စည်းများ အသိုင်းအဝိုင်း ဘေးကင်းလုံခြုံရေး ကုမ္ပဏီ COVID-19 အတွင်း TikTok က ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းကို ပံ့ပိုးကူညီပေးပုံ TikTok မှ ပလက်ဖောင်း၏ ဖြောင့်မတ်မှန်ကန်မှုကို ခိုင်မာစေရန် စဉ် ဆက်မပြတ် အားဖြည့်လုပ်ဆောင်မှု များ ဤပို့ စ်ကို မျှဝေရန် စာရေးသူ: Kyu Kyu Thein, Public Policy Manager, TikTok မြန်မာ TikTok ၌ ကျွန်ုပ်တို့ သည် လူတိုင်း ဖန်တီးတီထွင်ဆန်းသစ်နိုင်ပြီး မိမိကိုယ်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုနိုင်ရန် ဘေးကင်းလုံခြုံမှုရှိကာ လှိုက်လှဲကြိုဆိုသည့် ပတ်ဝန်းကျင်တစ်ရပ် ကို ဖော်ဆောင်ရန် ကြိုးစားလျက်ရှိသည်။ ကျွန်ုပ်တို့ ၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက် များကို ချိုးဖောက်သည့် မည်သည့်အကြောင်းအရာကိုမဆို လက်သင့်ခံမည် မဟုတ်ပါ။ ပလက်ဖောင်းကို လုံခြုံအောင် ထိန်းသိမ်းရန်အတွက် ကျွန်ုပ်တို့ ဆောင်ရွက်လျက်ရှိသော လုပ်ဆောင်ချက်များကို မြင်သာစေရန် ရည်ရွယ်သည့်အနေဖြင့် မြန်မာနိုင်ငံ၌ ကျွန်ုပ်တို့ ၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များကို အားဖြည့်လုပ်ဆောင်ခဲ့သည့် အသေးစိတ် အချက်အလက်များကို မျှ‌ဝေရန် ရွေးချယ်ခဲ့သည်။ ထိုအထဲတွင် မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက် (ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ) တွင် TikTok မှ ဖယ်ရှားခဲ့ သော လမ်းညွှန်ချက်ချိုးဖောက်သည့်အကြောင်းအရာများနှင့် အကောင့်များအကြောင်း အသေးစိတ်ဖော်ပြချက်နှင့်အတူ ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်းဘေးကင်းလုံခြုံမှုနှင့် ပလက်ဖောင်း၏ ဖြောင့်မတ်မှန်ကန်မှုကို ကာကွယ်ရန် ကျွန်ုပ်တို့ ၏ ကြိုတင်ဆောင်ရွက်ထား မှုများ ပါဝင်သည်။ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များကို အားဖြည့်လုပ်ဆောင်မှုများ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များသည် ပလက်ဖောင်းပေါ်တွင် မည်သည်ကို ခွင့်ပြု၍ မည်သည်ကို ခွင့်မပြုသည်ဟူသော လမ်းညွှန်ချက်ကို ဖော်ပြပေးသည်။ ကျွန်ုပ်တို့ ၏ လူမှု အသိုင်းအဝိုင်းအတွက် TikTok အား ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရန်အတွက် နည်းပညာအားဖြင့်သော်လည်းကောင်း၊ လူအားဖြင့် သော်လည်းကောင်း ရောနှောထိန်းချုပ်ကာ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များကို အမြဲ ကြိုတင်အားဖြည့်ထိန်းသိမ်းလျက်ရှိသည်။ https://newsroom.tiktok.com/my-mm/strengthenplatformintegrity စ် ၏ စ် က် င် ၏ သို င်း ဝို င်း မ်း န် က် 1/7

Select target paragraph3