စာ ၇၈ ဉာဏ် လင်းသစ် သု တေသနအဖွဲ့ ၉။ နိဂုံး စစ်အုပ်စုသည် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို ချေမှုန်းသည့် တိုက်ပွဲများတွင် အင်အား အလွန်အကျွံသုံးခြင်း၊ ဓါတုစစ်လက်နက်များ အသုံးပြုခြင်းတို့ ကို လုပ်ဆောင်လျက်ရှိသည်။ ထို့ အပြင် အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းစစ်ဆင်ရေးနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည်။ စစ်အုပ်စုသည် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှု များကို ကျူးလွန်ရာတွင် အမိန့်ပေးပိုင်ခွင့်ရှိသည့် ထိပ်ပိုင်းခေါင်းဆောင်များမှအစပြုပြီး မြေပြင်တွင် အကောင်အထည်ဖော်ရသည့် မြေပြင်စစ်ကြောင်းမှူးများအထိအဆင့်ဆင့် အမိန့်ပေးပ��ုင်ခွင့် အာဏာရှိကြ သည်။ စစ်ရေးတွင် အထိနာ ရှုံးနိမ့်ချိန်များတွင် အရပ်သားပြည်သူများကို ပစ်မှတ်ထား ဦးတည်သည့် လုပ်ရပ်များကို ပိုမိုကျူးလွန်လေ့ရှိသည့် ဓလေ့ကို တွေ့ရသည်။ တော်လှန်ရေးအင်အားစုများ အင်အားချိနဲ့ သွားရန်နှင့် ၎င်းတို့ ၏ ဆက်သွယ်ရေးလမ်းကြောင်း လွယ်ကူစေရန်အတွက် ကျေးရွာနှင့် လူနေရပ်ကွပ်များ၊ ဆေးရုံ၊ ကျောင်းနှင့် ဘာသာရေးအဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်လျက်ရှိ သည်။ ဤအစီရင်ခံစာသည် အမိန့်စီးဆင်းမှု ယန္တရားနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဖော်ထုတ် မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ စစ်ရာဇဝတ်ကျူးလွန်သူများနှင့် အရပ်သားပြည်သူများ၏ အသက်ရှင် ပိုင်ခွင့်ကို ကန့်သတ်ခဲ့ကြသည့် ကျူးလွန်မှုအဆင့်ဆင့်တွင်ပါဝင်ခဲ့ကြသူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မ ရရှိစေရန်အတွက် တရားစွဲဆိုရေးကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

Select target paragraph3