ဉာဏ် လင်းသစ် သု တေသနအဖွဲ့
စာ ၇၀
၈။ စစ်ရာဇဝတ်မှု ဘယ်လိုကျူးလွန်နေကြလဲ?
ယခုအပိုင်းတွင် စစ်အုပ်စု၏ ���စ်ဆင်ရေးများတွင် ကြည်းတပ်နှင့် လေတပ် ပူးပေါင်းဆောင်ရွက်သည့်
စစ်ဆင်ရေးများဖြင့် စစ်ရာဇဝတ်မှုများ မည်ကဲ့သို့ ကျူးလွန်နေကြသည်ကို သိရှိနိုင်ရန် နွေဦးတော်လှန်ရေး
တွင် ပြည်သူများနှင့်ပူးပေါင်းခဲ့ကြသည့် ဘက်ပြောင်းခိုလှုံသူများ(defector)နှင့် ပြုလုပ်ခဲ့သည့် သုတေသန
အင်တာဗျူးများမှ တွေ့ရှိရသည့် တွေ့ရှိချက်များကို ဖော်ပြပါမည်။
ကြည်းတပ်များဖြစ်သည့် ခြေလျင်၊ ခြေမြန်တပ်ရင်းများ၊ တပ်မများသည် အရပ်သားများကို စစ်ကြောင်း
ထိုးတိုက်ခိုက်မှုများပြုလုပ်ရာတွင် အဓိက ကျူးလွန်ကြသူများဖြစ်သည်။ ခြေလျင်တပ်ရင်း တခုတွင်
တပ်ခွဲ ၅ ခုရှိပြီး စစ်ကြောင်းထိုးရာတွင် တပ်ခွဲ ၂ ခုလျင် စစ်ကြောင်း တကြောင်းအနေဖြင့် စစ်ကြောင်း ၂
ကြောင်းခွဲကာ စစ်ကြောင်းထိုးလေ့ရှိသည်။ နောက်ဆုံးတပ်ခွဲသည် စခန်းတွင် အထိုင်တပ်အဖြစ် ကျန်ရှိ
သည်။ စစ်ကြောင်းထိုးရာတွင် တပ်ရင်းမှူး သို့ မဟုတ် ဒုတပ်ရင်းမှူးသည် စစ်ကြောင်း ၁ မှူး၊ စစ်ကြောင်း ၂
မှူးသည် ဗိုလ်မှူးအဆင့်ရာထူး ဖြစ်နိုင်သည်။
စစ်ကြောင်းမှူးများသည် စစ်ကြောင်းထိုးတိုက်ခိုက်ရာတွင် အဓိကတာဝန်ရှိသူဖြစ်ပြီး မြေပြင်အခြေအနေကို
နည်းဗျူဟာမှူး၊ တပ်မှူးတို့ ကိုတင်ပြရပြီး ထိုမှတဆင့် တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံသို့ အဆင့်ဆင့် တင်ပြရ
သည်။ စစ်ကြောင်းထိုးရာတွင် အပြစ်မဲ့ အရပ်သားများကို အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ နေအိမ်များကို
မီးရှို့ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းတို့ သည် တိုင်းစစ်ဌာနချုပ် တိုင်းမှူး သို့ မဟုတ် တပ်မမှူးများက
အမိန့်ပေးခိုင်းစေမှုများ ရှိနိုင်သော်လည်း မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရသည့် မြေပြင်
စစ်ကြောင်းမှူးများ၏ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချပိုင်ခွင့် ဖြစ်သည်။ ထို့ အပြင် စစ်ကြောင်းမှူးများသည်
လေ ကြောင်းပစ်ကူရယူရန် (သို့ မဟု���်) လက်နက်ကြီးပစ်ရန် လိုအပ်သည့် ပစ်မှတ်တည်နေရာကို ပံ့ပိုး
ပေးသည်။
စစ်ကြောင်းထိုးတဲ့အခါ ရွာတွေကို မီးရှို့တာ၊ ဓားစာခံဖမ်းတာ၊ လူသတ်တာတွေက အထက်
ဌာနကနေ မသိဘဲ လုပ်တာတွေလည်း ရှိတယ်။ အထက်ဌာနကို တင်ပြပြီး လုပ်တဲ့အရာတွေ
လည်း ရှိတယ်။ တချို့ကတော့ မနိုင် နိုင်ရာ မဲတာမျိုးရှိတယ်။ အဓိကကတော့ မြေပြင်
လှုပ်ရှားတဲ့ စစ်ကြောင်း commander ပဲ။ သူ့အပေါ်မှာပဲ မူတည်တယ်။ အထက်ကနေ ရှို့
ခိုင်းတယ်ဆိုရင်တောင်မှ မီးရှို့/မရှို့ဆိုတာ မြေပြင်စစ်ကြောင်းမှူးပေါ်မှာပဲ မူတည်တယ်။ မီး
မရှို့လည်း ဘာမှ မဖြစ်ဘူး၊ အရှို့ပြလည်း ရတယ်။ တချို့က အထက်လူကြီးမသိဘဲ ဓားစာခံ
ဖမ်းတာ ညှင်းပန်းနှိပ်စက်တာတွေလည်းရှိတယ်။ စစ်ကြောင်းမှူးရဲ့ သဘောဆန္ဒက ၇၀-၈၀
ရာခိုင်နှုန်းလောက်ရှိတယ်။
INTERVIEWEE - 2
ဗိုလ်မှူး ကက(ကြည်း)