ဉာဏ် လင်းသစ် သု တေသနအဖွဲ့
စာ ၆၈
၇.၄။ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်များ
လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် (လထခ) များအနေဖြင့် မင်္ဂလာဒုံနှင့် မိတ္ထီလာတို့ တွင် အခြေစိုက်
သည်။ ပြင်ဆင်ရေးဌာနချုပ်များတွင် လေယာဉ်/ရဟတ်ယာဉ် စမ်းသပ်ပျံသန်းရေးဌာန၊ အတောင်တပ်
လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာန၊ ရဟတ်ယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာန၊ လေကြောင်း လျှပ်စစ်နှင့် အီ
လက်ထရောနစ်များ ထုတ်လုပ်ပြင်ဆင်ရေးဌာန၊ လေကြောင်းလက်နက်ပြင်ဆင်ရေးဌာန၊ သုတေသနဖွံ့ဖြိုး
ရေးနှင့် ပုံစံပြုဌာန၊ လေတပ်ပင်မထောက်ပံ့မှုစီမံထိန်းသိမ်းရေးဌာနနှင့် မောင်းသူမဲ့လေယာဉ် လေ့ကျင့်ရေး
နှင့် စစ်ဆင်ရေးအဖွဲ့ (CH-3 UVA) တို့ ဖြစ်သည်။ အခြားတပ်ဖွဲ့များအနေဖြင့် စစ်သားစုဆောင်းရေးတပ်
(စသစ-လေ) မင်္ဂလာဒုံ၊ အမှတ် (၁) လေတပ် တပ်ထိန်းတပ် (လတထ-၁) မင်္ဂလာဒုံ၊ အမှတ် (၂) လေတပ်
တပ်ထိန်းတပ် (လတထ-၂) နေပြည်တော်၊ လေတပ်စစ်တီးဝိုင်းတပ် (လစတ) နေပြည်တော်၊ စစ်ဖက်ရေးရာ
လုံခြုံရေးတပ်ဖွဲ့ စရဖ လေ (နေပြည်တော်)နှင့် လ���တပ်တပ်ဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ ဖြစ်ကြသည်။
၇.၅။ လေတပ်ကွပ်ကွဲမှုဌာနချုပ်များ
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အနောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း
လေတပ်ကွပ်ကဲမှုဌာနချုပ် ၃ ခုကို ဖွဲ့စည်းခဲ့သည်။ အနောက်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်သည် မ
ကွေးလေတပ်စခန်းဌာနချုပ်တွင် တည်ရှိပြီး မကွေးလေတပ်စခန်းဌာနချုပ် (ကလခ)၊ တောင်ငူလေတပ်
စခန်းဌာနချုပ် (တလခ) နှင့် ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် (ဟလခ) တို့ ကို ကွပ်ကဲသည်။ အရှေ့ပိုင်း
တိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်သည် နမ့်စန်လေတပ်စခန်းဌာနချုပ်တွင် တည်ရှိပြီး မိတ္ထီလာလေ့ကျင့်ရေး
လေတပ်စခန်းဌာနချုပ်၊
နမ့်စန်လေတပ်စခန်းဌာနချုပ်၊
နေပြည်တော်လေတပ်စခန်းနှင့်
မြစ်ကြီးနား
လေတပ်စခန်းဌာနချုပ်တို့ ကို ကွပ်ကဲသည်။ တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်သည် မှော်ဘီ
လေတပ်စခန်းတွင် တည်ရှိပြီး မြိတ်လေတပ်စခန်းဌာနချုပ် (မလခ)၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်
(မဂဒ၊ လထခ မင်္ဂလာဒုံ) နှင့် ပုသိမ်လေတပ်စခန်းဌာနချုပ် (ပလခ) တို့ ကို ကွပ်ကဲသည်။