ဉာဏ် လင်းသစ် သု တေသနအဖွဲ့ စာ ၂ ၁၉၄၈ လွတ်လပ်ရ���းရပြီးချိန်မှ စတင်၍ စစ်တပ်သည် ၁၉၅၈ ခုနှစ်တွင် တကြိမ်၊ ၁၉၆၂ ခုနှစ်တွင် တ ကြိမ်၊ ၁၉၈၈ ခုနှစ်တွင် တကြိမ်၊ ၂၀၂၁ ခုနှစ်တွင် တကြိမ် အာဏာသိမ်းမှု ၄ ကြိမ် ပြုလုပ်ခဲ့သည်။ စစ်တပ် သည် ၁၉၆၂ အာဏာသိမ်းဖြစ်စဉ်မှ စတင်၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျော်လွန်ပြီး အုပ်ချုပ် ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ အထိ လွှမ်းမိုးလုပ်ဆောင်ခဲ့သည်။ စစ်တပ်သည် နိုင်ငံရေးနှင့် တရားစီရင်ရေးအာဏာကို ထိန်းချုပ်ရန် ကြိုးပမ်းရာတွင် ကောင်စီများ၊ ကော်မတီများ၊ စစ်ခုံရုံးများ ဖွဲ့စည်း ၍ တိုက်ရိုက်ဆောင်ရွက်မှုများ ရှိသကဲ့သို့ စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိများကို အရပ် ဘက်တာဝန်များပေးအပ်ပြီး စစ်ဘက်ရာထူးနှင့် ပူးတွဲတာဝန်ထမ်းဆောင်စေခြင်းနှင့် စစ်တပ်မှ အငြိမ်းစား ယူထားသည့် အငြိမ်းစားများကို အရပ်ဘက်သို့ အရာရှိများအဖြစ် ဝင်ရောက် တာဝန်ထမ်းဆောင်စေခြင်း တို့ လုပ်ဆောင်ခဲ့သည်။ ၁၉၈၈ ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်သည့် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်တိုင်းများ၊ တိုက်ခိုက်ရေးတပ်များ၊ လက်ရုံးတပ်များကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ထို့ အပြင် စစ်တပ် လက်အောက်ခံ အသက်မွေးသင်တန်းကျောင်းများ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းများ မွေးထုတ်၍ စစ်တပ်တွင် လိုအပ်သည့် အရပ်ဘက်ပညာရှင်များ၏ အခန်းကဏ္ဍကို အနိမ့်ဆုံးအဆင့် အထိလျော့ချခြင်းဖြင့် စစ်ဘက် အရပ်ဘက် သီးခြားစီဖြစ်စေရန် စီမံခဲ့သည်။ စစ်တပ်၏ စီမံချက်များတွင် စစ်ကျောင်းဆင်း အင်ဂျင်နီယာ၊ ဆရာဝန် အစရှိသည့် ပညာရှင်များ မွေးထုတ်ခြင်းအပြင် စစ်တပ်ပိုင် မီဒီယာများ ထူထောင်ခြင်းတို့ ပါဝင်သည်။ အာဏာသိမ်းမှုဖြစ်စဉ်များတွင် အရပ်ဘက် အသိပညာရှင်၊ အတတ်ပညာရှင် အရပ်သားများကို ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတို့ တွင် ထည့်သွင်း အသုံးချခဲ့သော်လည်��� ကာကွယ်ရေး ဦးစီး ချုပ် နှင့် ၎င်းစိတ်ကြိုက် ခန့်အပ်ထားသည့် စစ်အရာရှိကြီးများကသာ မဏ္ဍိုင်သုံးရပ်ကို ကြိုးကိုင်ခဲ့ကြခြင်း ဖြစ်သည်။ ခေတ်အဆက်ဆက်က ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို အဓိက အမိန့် ပေးစေခိုင်းသူများနှင့် အောက်ခြေအဆင့် အကောင်အထည်ဖော်မှုများကို တပ်မတော် ကြည်း၊ ရေ၊ လေ၊ ပြည်သူ့စစ်နှင့် လက်ရုံးတပ်ဖွဲ့များက အဆင့်လိုက် တာဝန်ယူ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

Select target paragraph3