8/22/22, 11:09 PM ခြင်းအပါအဝင် မတူကွဲပြားမှုအပေါ် လက်ခံနိုင်မှုမရှိခြင်းနှင့် သတင်းမှား ဖြန့်ဖြူးခြင်းများကို ကိုင်တွယ်ဖြေရှင်းရန် လိုပါတယ်။” ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် Mr. David Kaye ၄င်း၏ ဗွီဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။ အစိုးရနှင့် ပတ်သက်၍လည်း “ဥပဒေတွေရေးသား ပြဌာန်းရာမှာ ပြည်သူလူထုရဲ့လိုအပ်ချက် အကြံဉာဏ်တွေကို ရယူတိုင်ပင်ခြင်းမရှိတာ က အဓိကစိန်ခေါ်မှုတစ်ခုပါပဲ။ ဥပမာ - နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ပိုင်ခွင့် နှင့် လုံခြုံခွင့် ကာကွယ်ပေးရေး ဥပဒေဟာ ကောင်းမွန်စွာ ရေးသားပြဌာန်းထားခြင်းမဟုတ်တဲ့အတွက် အချို့အပိုင်းတွေမှာ ဒစ်ဂျစ် တယ်ဆိုင်ရာ အခွင့်အရေးတွေကို ချိုးဖောက်သလို ဖြစ်နေပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးနေဘုန်းလတ်က ပြော ကြားသည်။ “ကျနော်တို့ကတိတွေအများကြီးပေးတယ်။ ပြီးတော့ အဲ့ဒီထဲက တချို့ဟာ တွေ NLD အပါအဝင် အဖွဲ့အစည်းဆိုင်ရာ အားနည်းချက်တွေကြောင့် ကျွန်တော်တို့ကတိပေးထားတဲ့ အတိုင်း မလုပ်ပေးနိုင်ခဲ့ဘူး။ တျွန်တော်တို့ ပါတီဟာ အရင်လို မဟုတ်တော့ဘူးဆိုတာ သိပါတယ် အခုကျွန်တော်တို့ ပြောင်းလဲနိုင်အောင် ကြိုးစားနေကြပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုတက်ရောက်သူမှဆိုသည်။ တရားစီရင်ရေးဘက်ကလည်း “တရားရုံးတွေက ဒစ်ဂျစ်တယ်ဆိုင်ရ�� အခွင့်အရေးနဲ့ဆိုင်တဲ့ ပြသနာတွေကို မဖြေရှင်းနိုင်ပါဘူး။ တရားသူကြီး တွေက ရှဲ (share) လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်တောင် မသိတာ။ အစိုးရက လဲ တရားစီရင်ရေးမဏ္ဍိုင်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာမှာလည်း လိုအပ်ချက်တွေရှိနေပါသေးတယ်။ ပြောရရင် ဖြစ်နေတာတွေက ခေါင်းက တစ်နေရာရွေ့ ပြီးတော့ ကိုယ်က အခြားတစ်နေရာကို ရွေ့နေသလိုပဲ” ဟု ရှေ့နေများကို ကိုယ်စားပြုတက်ရောက်သူမှ ပြောသည်။ သတင်းမီဒီယာများနှင့် ပတ်သက်၍လည်း “ဒစ်ဂျစ်တယ်နည်းပညာက ကျ နော်တို့သတင်းသမားတွေရဲ့အလုပ်ကို ပိုမို ထိရောက်မြန်ဆန်စေပါတယ်။ မြန်မာပြည်သူတွေကို ကြားသိစေလိုတဲ့ အကြောင်းအရာတွေကိုလည်း ကြားသိနိုင်အောင် ကျနော်တို့ကို စွမ်းဆောင်နိုင်စေပါတယ်။ ကံမကောင်း စွာ ကျနော်တို့နိုင်ငံမှာ အခုရှိနေတဲ့ မှုဝါဒနဲ့ဥပဒေတွေဟာ ကျနော်တို့ အတွက် အကူအညီ မဖြစ်ပါဘူး။” ဟု သတင်းမီဒီယာ ကိုယ်စားလှယ်တစ် ဦးကဆိုသည်။ လူမှုအသိုင်းအဝိုင်းနှင့် ပတ်သက်၍ “ပိုက်ဆံရှိတဲ့သူတွေက အွန်လိုင်းပေါ် မှာလည်း ပါဝါရှိတယ်။သာမန်လူတွေကြားမှာလည်း ဗဟုသုတမရှိတာနဲ့ပါ ရောပြီး အဲ့လို သတင်းမှားတွေကို မှန်တယ်လို့ယုံတဲ့သူတွေလည်းရှိတယ်” ဟု အမုန်းစကားများ စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။ “မြန်မာနိုင်ငံက အမျိုးသမီးတွေက အမျိုးသားတွေထက် မိုဘိုင်းဖုန်းပိုင်ဆိုင် မှုမှာ ၂၈ ရာခိုင်နှုန်းလောက် နည်းနေတဲ့ အနေအထားရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေ မိုဘိုင်းဖုန်းပိုင်ဆိုင်တဲ့ဦးရေး တိုးတက်လာဖို့လိုပါတယ်။ မ သန်စွမ်းတွေနဲ့ပတ်သက်ရင်တော့ သူတို့ရဲ့မိုဘိုင်းဖုန်းပိုင်ဆိုင်မှုက ဘယ်လောက်ကွာခြားချက်ရှိနေလဲဆိုတဲ့ အရေအတွက်တောင် မသိ ပါ ပြော ည် https://freeexpressionmyanmar.org/myanmar-digital-rights-forum-says-situation-worse-since-2016/ 5/8

Select target paragraph3