၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ပုဒ်မ ၂၄ (ခ)။ ပုဒ်မ ၂၄ (က) ပါ ပြစ်မှုများကို လူစုလူဝေးဖြင့် ကျူးလွန်ပါက ပြစ်ဒဏ်ကို ပိုမိုပြင်းထန် စေပြီး၊ အနည်းဆုံး ငါးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ် နိုင်ကြောင်း သတ်မှတ်သည်။ ပုဒ်မ ၂၆ (က)။ ဆန္ဒမဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအပြင် မဲရုံများနှင့် ရွေးကောက်ပွဲကော်မရှင်နှင့် ဆက်စပ်သည့် အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်းကို တားမြစ်ထားပြီး၊ ထိုသို့ ပြုလုပ်ပါက အနည်းဆုံး ငါးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်နိုင်ကြောင်း သတ်မှတ်သည်။ ပုဒ်မ ၅၈ (ဂ)။ မဲဆွယ်စည်းရုံးရေးဆိုင်ရာ စည်းကမ်းချက်များကို ဖောက်ဖျက်ပါက အများဆုံး တနှစ် အထိ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် (ကျပ်တသိန်းအထိ) သို့မဟုတ် နှစ်ရပ်လုံး ချမှတ် နိုင်ကြောင်း သတ်မှတ်ထားသည်။ ရွေးကောက်ပွဲ ကာကွယ်ရေးဉပဒေတွင် ထောင်ဒဏ် (၃) နှစ်မှ သေဒဏ်အထိ ချမှတ်နိုင်သော ပြင်းထန်သည့် ပြစ်ဒဏ်များ ပြဌာန်းထားခြင်းသည် ၎င်း၏ ဖိနှိပ်မှုသဘောသဘာဝကို သက်သေပြနေ သည်။ ဤဉပဒေသည် အတုအယောင်ရွေးကောက်ပွဲကို ကာကွယ်ရန်ထက် လူထု၏ အခြေခံ အခွင့် အရေး များဖြစ်သော လွတ်လပ်စွာပြောဆိုခွင့်နှင့် နိုင်ငံရေးပါဝင်ခွင့်တို့ကို ပစ်မှတ်ထား ဖိနှိပ်ရန်အတွက်သာ ဖြစ်သည်။ ၉

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents