၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ၆။ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချုးဖောက် ိ ခံရမှု ဖြစ်စဉ်များအား ခွဲခြမ်းစိတ်ဖြာခြင်း ဤအတုအယောင် ရွေးကောက်ပွဲကာလအတွင်း စစ်တပ်က ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဝေဖန်ထုတ်ဖော် ပြောဆိုမှုများ၊ သပိတ်မှောက် လှုံ��ဆော်မှုများနှင့် ထင်မြင်ယူဆချက်များကို လူမှု ကွန်ယက်တွင် မျှဝေဖော်ပြမှုများကို ရာဇဝတ်မှုများအဖြစ် စနစ်တကျ သတ်မှတ်ခဲ့သည်။ ထိုလုပ်ရပ် များသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တိုက်ရိုက် ကန့်သတ်ထားခြင်းသာမက နိုင်ငံရေး အမြင်ဖော်ပြမှုကို တရားမဝင် လုပ်ရပ်တရပ်အဖြစ် ပြောင်းလဲဖော်ပြသည့် လုပ်ငန်းစဉ်တရပ်ဖြစ်သည်။ ရွေးကောက်ပွဲသပိတ်မှောက်လှုံ့ဆော်မှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်း ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လှုံ့ဆော်ခြင်းများ (boycott campaigns)ကို လူထု၏ နိုင်ငံရေးအမြင်ဖော်ပြမှုနှင့် နိုင်ငံရေးပါဝင်မှုတရပ်အဖြစ်သာ သဘောထားရမည် ဖြစ်သော်လည်း အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်းဟုသတ်မှတ်ကာ ရာဇဝတ်မှုအဖြစ် ပြောင်းလဲ ခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် “No Vote” ဟု ဖော်ပြခြင်း သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်း ကဲ့သို့သော လုပ်ရပ်များကို ဉပဒေအောက်တွင် အရေးယူနိုင်သော ရာဇဝတ်မှုများအဖြစ် သတ်မှတ်ခြင်း သည် လူထု၏ မတူကွဲပြားသော နိုင်ငံရေးအမြင်များကို ဖိနှိပ်ရန် ရည်ရွယ်ထား ကြောင်း ပြသနေသည်။ လူမှုကွန်ယက်တွင် ထုတ်ဖော်ပြောဆို၊ မျှဝေမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်း လူမှုကွန်ယက်ပေါ်တွင် လူထု၏ ထင်မြင်ချက်ဖော်ပြခြင်းများကိုပါ ပြင်းထန်စွာ ကန့်သတ်ခဲ့သည် ကို တွေ့ရသည်။ လူထု၏ လူမှုကွန်ယက်များတွင် မိမိ၏ ထင်မြင်ယူဆချက်များ မျှဝေခြင်း၊ မှတ်ချက် ပေးခြင်း၊ တုံ့ပြန်မှု (reaction) ပေးခြင်း သို့မဟုတ် အကြောင်းအရာများ မျှဝေခြင်းကဲ့သို့ သာမန် လွတ်လပ်သော အပြုအမူများကိုပင် ဉပဒေအောက်တွင် အရေးယူနိုင်သော ပြစ်မှုများအဖြစ် သတ်မှတ် ခဲ့သည်။ ယင်းသည် လူထု၏ အနိမ့်ဆုံး ပါဝင်ပတ်သက်မှုဖြစ်သော နိုင်ငံရေး ထုတ်ဖော် ပြောဆိုမှုများ ကိုပါ ရာဇဝတ်မှုအဖြစ် အသွင်ပြောင်းလဲထားခြင်းဖြစ်ပ��ီး လူထုအား ကိုယ်တိုင်ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့မှုများ တိုးပွားလာစေခဲ့သည်။ ထို့ကြောင့် လူထုမှ မိမိ၏အမြင်ကို ကိုယ်တိုင် ထုတ်ဖော် ၃၂

Select target paragraph3