၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ၅.၅။ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း မီဒီယာအပေါ် ဖိနှိပ်မှုများ လွတ်လပ်သော မီဒီယာတခုဖြစ်သည့် AAMIJ News သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ရွေ��ကောက်ပွဲ ကိုယ်စားလှယ်လောင်း တဦး၏ မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှုကို ဖော်ထုတ် ရေးသား ခဲ့ သည်။ ထိုဖော်ထုတ်ရေးသားမှုကြောင့် နိုဝင်ဘာ ၁၀ ရက်တွင် ရွေးကောက်ပွဲကာကွယ်ရေး ဉပဒေ ပုဒ်မ ၂၄ (က) ဖြင့် အရေးယူခံခဲ့ရသည်။ 23 ထို့အပြင် ခေတ်သစ်မီဒီယာကိုလည်း ၎င်း၏ ရွေးကောက်ပွဲအပေါ် ဝေဖန် သတင်းဖော်ပြမှုများကို ရွေးကောက်ပွဲအား ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ကာ ရွေးကောက်ပွဲ ကာကယ်ရေး ဉပဒေဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်ဟု ခေတ်သစ်မီဒီယာက ဆိုသည်။ 24 ထို့အပြင် သတင်းမီဒီယာများကိုယ်တိုင်က ဤအရေးယူမှုများကြောင့် ရွေးကောက်ပွဲကာလအတွင်း သတင်း တင်ဆက်ရာတွင် မိမိကိုယ်ကိုယ် ဆင်ဆာဖြတ်ခြင်းနှင့် သတင်းခန်းလွတ်လပ်မှုကို အပြည့်အဝ မကျင့်သုံးနိုင်ခြင်းကဲ့သို့သော ကန့်သတ်မှုများ ကြုံတွေ့ခဲ့ရသည်။ ဤဖြစ်စဉ်များသည် ရွေးကောက်ပွဲဆိုင်ရာ ဉပဒေများကို အသုံးချ၍ လွတ်လပ်သော သတင်း ဖော်ပြမှုနှင့် ဝေဖန်ထုတ်ဖော်မှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ကာ မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ် ထိန်းချုပ်ရန် အသုံးပြုနေသည့် စစ်တပ်၏ ပိုမိုကျယ်ပြန့်သော ဖိနှိပ်မှုပုံစံတရပ်ကို ထင်ဟပ်စေသည်။ ထို့အပြင် သတင်းမီဒီယာများကိုယ်တိုင်က ဤအရေးယူမှုများကြောင့် ရွေးကောက်ပွဲ ကာလအတွင်း သတင်း တင်ဆက်ရာတွင် မိမိကိုယ်ကိုယ် ဆင်ဆာဖြတ်ခြင်းနှင့် သတင်းခန်းလွတ်လပ်မှုကို အပြည့်အဝ မကျင့်သုံးနိုင်ခြင်းကဲ့သို့သော ကန့်သတ်မှုများ ကြုံတွေ့ခဲ့ရသည်။ မီဒီယာကဏ္ဍနှင့် ပတ်သက်၍ အာဏာသိမ်းစစ်တပ်မှ ပြည်တွင်းမီဒီယာများအား ဖိအားပေး ဖိနှိပ်နေသော်လည်း နိုင်ငံတကာမီဒီယာများကို အတုအယောင် ရွေးကောက်ပွဲသတင်းယူရန် ဖိတ်ခေါ် 23 Fortify Rights. (2025). Myanmar Junta Using New Election Law to Crack Down on Dissent Ahead of Sham Elections. 24 Athan. (2025, November). Update on journalism and media safety in Myanmar. Athan. ၃၀

Select target paragraph3