၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း
၄.၇။ တော်လှန်ရေးအစုအဖွဲ့များ၏ ဖမ်းဆီးအရေးယူမှုများ
စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကာလအတွင်းတွင် အမျုးသားညီ
ိ
ညွတ်ရေး အစိုးရ
(NUG) အပါအဝင် တော်လှန်ရေးအဖွဲ့အစည်း တချု့က
ိ
စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲတွင်
ပါဝင် ပတ်သက်သူများကို အရေးယူမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ အမျုးသား
ိ
ညီညွတ်ရေး
အစိုးရသည် စစ်တပ်၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်
ကာ အဖွဲ့ဝင် (၂၅) ဦးကိုလည်း အကြမ်းဖက်သမားများအဖြစ် ကြေညာခဲ့သည်။ 14 ကိုယ်ထိလက်ရောက်
ဖမ်းဆီးမှုအဖြစ် မကွေးတိုင်း၊ စလင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသက်ဝေ
ကိုဖမ်းဆီး၍ အကြမ်းဖက်တိုက်ဖျက်ရေးဉပဒေဖြင့် အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ထုတ်
ပြန်ခဲ့သည်။ 15 ဉီးသက်ဝေသည် စစ်တပ်၏ရွေးကောက်ပွဲတင် ဉီးဆောင်ပါဝင်နေသည်ဟု ပြည်သူများက
သတင်းပေးပို့သဖြင့် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ရွေးကောက်ပွဲကာလအတွင်း လက်နက်ကိုင်
တော်လှန်ရေး အင်အားစုများနှင့် ဆက်စပ်သည်ဟု ယူဆရသော ဖမ်းဆီးမှုများလည်း ဖြစ်ပေါ်ခဲ့သည်
ကို တွေ့ရသည်။ မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျား
ဖြူပါတီ)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလင်းထက်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် အမည်
မသိ လက်နက်ကိုင် အဖွဲ့တခုက နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 16 အလားတူ စစ်ကိုင်းတိုင်း
ချောင်းဦးမြို့တွင်လည်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တဦးနှင့် ရုံးအကူ ဝန်ထမ်းတဦးအပါအဝင်
စုစုပေါင်းလေးဦးကို ရွေးကောက်ပွဲကျင်းပပြီးနောက် တပတ်အတွင်း လက်နက်ကိုင်အဖွဲ့များက ဖမ်းဆီး
ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ 17
14 ရွေးကော်အဖွဲ့ဝင် ၂၅ ဦးကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ. (2025, November 26). DVB TV News.
15 စလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁ ဦးကို NUG ဖမ်းဆီးအရေးယ��မည်. (2025, November 16). DVB TV News.
16 ပခုက္ကူတွင် ကျားဖြူပါတီကိုယ်စားလှယ်လောင်း ၁ ဦး ဖမ်းဆီးခံရ. (2025, December 3). DVB TV News.
17 ချောင်းဦးမှာ မြို့နယ်ရွေးကောက်ပ ကေ
ဲွ
ာ်မရင
ှ အ
် ဖွ့ဲ ဝင်တဦးနဲ့ ရုးံ အကူဝန်ထမး် တဦးအပါဝင် လေးဦးဖမ်းဆီးခံထားရ၊. (2026, January 20). Mandalay Free Press - MFP.
၁၈