(၂) နယ်မြေကန့်သတ်၍ အပိုင်းလိုက်ကျင်းပခြင်း စစ်အုပ်စုသည် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁) တွင် စစ်ရေးအရရှုံးနိမ့်ထားသည့် နယ်မြေများတွင် ရွေးကောက်ပွဲ မကျင်းပသည့်အပြင် ရာနှုန်းပြည့်နီးပါး စိုးမိုးမှုရှိသည့် ရန်ကုန် နှင့် ဧရာဝတီတိုင်း ဒေသများတွင် လည်း နေရာကွက်ကျားသာ ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်။ မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပမည်ဟု ကြေညာလာသည့် မြို့နယ်များသည် စုစုပေါင်း ၁၀၂မြို့နယ်သာ ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ကွက်ကျားမိုးဖြင့် ရွေးကောက်ပွဲ ကျင်းပရန် ကြံရွယ်လာခြင်းဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း(၁)တွင် စစ်အုပ်စုသည် နယ်မြေရွေးချယ်မှုကို သတိကြီးစွာ ထားရှိပြီး ရွေးချယ်ခဲ့သည်ကို တွေ့ မြင်ရသည်။ မြို့နယ် အများစုသည် ၎င်းတို့ စိုးမိုးရာဒေသဖြစ်ပြီး မြို့နယ်အချို့သာ စစ်ရေးအရ အားပြိုင်နေသည့် မြို့နယ်များဖြစ်ပြီး စစ်အုစ်စု၏ အစိုးရရုံးများ ဖွင့်လှစ်ထားနိုင်ဆဲမြို့နယ်များဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များကို FPTP စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ မဲဆန္ဒနယ် များမှာ မြို့နယ်ကိုအခြခံထားသည့်အတွက် မဲဆန္ဒနယ် ၁၀၂ ခုရှိပြီး ကိုယ်စားလှယ် ၁၀၂ ယောက်ထွက်ပေါ်လာမည် ဖြစ်သည်။ ၅

Select target paragraph3