အစိုးရဖွဲ့စည်းမှုတွင်
နိုင်ငံတော်
သမ္မတက
အဓိကကျသည့်အခန်းကဏ္ဍကပါဝင်သည်။
လွှတ်တော်နှစ်ရပ်ရှိ
လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်ရွေးကောက်ခံအစုအဖွဲ့ ၊အမျိုးသားလွှတ်တော် ရွေးကောက်ခံ
အစုအဖွဲ့၊ လွှတ်တော်နှစ်ရပ်စလုံးရှိ စစ်အုပ်စုကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့
များက ဒုသမ္မတ တစ်ဦးစီရွေးချယ်ကာ ထိုအထဲက မှ နိုင်ငံတော်သမ္မတကို ရွေးချယ်ခြင်းဖြစ်သည်။ ထို့ကြောင့်
ရွေးကောက်ပွဲ အပိုင်း(၁) ပြီးနောက် အပိုင်း (၂) ကိုဆက်လက်ကျင်းပခြင်း မရှိဘဲ နိုင်ငံတော် သမ္မတ ရွေးချယ်ရေး
လုပ်ငန်းကို
ဆက်လက်လုပ်ဆောင်မည်ဆိုပါက
အရေအတွက်အများစုဖြစ်နေသည့်
စစ်အုပ်စုက
သမ္မတကို
စိတ်ကြိုက်ရွေးချယ်ခန့်အပ်နိုင်သည့် အခြေအနေဖြစ်သည်။
ထို့အပြင် သမ္မတက ပြည်ထောင်စုဝန်ကြီးများအပါအဝင်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီနှင့် ပြည်နယ်
ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်များအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌကိုပါ ခန့်အပ်နိုင်သည့်အာဏာ ရှိသည်။
ထို့ကြောင့် စစ်အုပ်စုက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရေး နယ်ပယ် သုံးခုစလုံးကို အပြည့်အဝနီးပါ
ဆက်လက် ချုပ်ကိုင်မည့် အခြေအနေဖြစ်သည်။
အီလက်ထရောနစ်မဲပေးစက်ကို စစ်တပ်အရာရှိတွေ ကြည့်ရှူနေစဉ် (Photo - Pro SAC)
၁၆