1/12/24, 11:35 AM
ပိုင်း(BBC)သတင်းဌာနအောက်ရှိ
ဒေသခံများ၏မှတ်ချက်များအရ
သိရ
သည်။
ချင်းပြည်နယ်၊
မင်းတပ်မြို့တွင်လည်း
အက်တမ်(Atom)ဆင်းကဒ်(Sim Card)ဖြင့်ပင် ထိုသို့သောအခြေအနေများ ဖြစ်ပေါ်ခဲ့သေးသည်ကို တွေ့ရသည်။
ယခုနှစ်၏အင်တာနက်ဖြတ်တောက်မှုများကို လေ့လာကြည့်ရာတွင် စစ်ကောင်စီသည် ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား
အဓိကပစ်မှတ်ထား၍ ဖြတ်တောက်မှုများလုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။
ဧပြီလ(၁၇)ရက်နေ့၌ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မိုဘိုင်းဖုန်းနှင့် ဝိုင်ဖိုင်အင်တာနက်လိုင်းများပြတ်တောက်ခဲ့သည်။ ၂၀၂၃ ခုနှစ်
ဧပြီလအတွင်း ယင်းဒေသ၌ စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့မှုများစွာဖြစ်ခဲ့ပြီး စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု
အကြိမ်(၄၀)ကျော်ကို
စစ်ကောင်စီကပြုလုပ်ခဲ့ရာ
အနည်းဆုံးလူဦးရေ(၁၉)ဦးခန့်
သေဆုံးပြီး
ဘာသာရေးအဆောက်အအုံများနှင့်
အရပ်သားနေအိမ်အများအပြားပျက်စီးခဲ့သည်ဟု အာရ်အက်ဖ်အေမြန်မာပိုင်း(RFA)သတင်းဌာ န၏သတင်းဖော်ပြချက်အရ သိရသည်။
ဇွန်လ(၂၇)ရက်နေ့၌ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အနီးတဝိုက်တွင် အင်တာနက်လိုင်းများပြတ်တောက်ခဲ့သည်။
ကရင်နီ(ကယား)ပြည်နယ်သည်
စစ်ကောင်စီတပ်နှင့်ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့
တိုက်ပွဲပြင်းထန်နေသည့်နေရာလည်း
ဖြစ်သည်။ ကရင်နီ(ကယား)ပြည်နယ်စပ်၊ ရှမ်းပြည်နယ်တောင်ဘက်ပိုင်းရှိ မိုးဗြဲမြို့တွင် ဇွန်လ(၆)ရက်မှ (၈)ရက်နေ့အထိ သုံးရက်အတွင်း
စစ်ကောင်စီ၏လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့်ပစ်ခတ်ခံရမှုကြောင့် အရပ်သား(၂၆)ဦးသေ ဆုံးခဲ့ကြောင်း “Free Burma
Rangers-FBR”က ဇွန်လ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ(၃၀)ရက်နေ့
အထိ
တိုက်ပွဲပေါင်း(၇၂၉)ကြိမ်အထိဖြစ်ပွားခဲ့ပြီး
မကြာခဏအင်တာနက်ဖြတ်တောက်ခံရသည့်
ပြည်နယ်လည်းဖြစ်သည်။
ဇူလိုင်လ(၆)ရက်နေ့တွင် ကရင်နီ(ကယား)ပြည်နယ်အား စစ်ကောင်စီက ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့သေးသည်။
ဇွန်လ(၂၈)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်၍
ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
ပဲခူးတိုင်း(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်ရှိ မြို့နယ်များဖြစ်သည့် ဖြူး၊ ကျောက်တံခါး၊ မုန်း၊ ကျောက်ကြီးနှင့် ရေ
တာရှည် စသည့်ဒေသများတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်
ထားသည်မှာတစ်လဝန်းကျင်ရှိပြီဖြစ်ကြောင်း
စက်တင်ဘာလ(၂)ရက်နေ့ဧရာဝတီတိုင်းမ်သတင်းဌာန၏သတင်းဖော်ပြချက်အရသိရ
သည်။
“TLNA”, “MNDAA”နှင့် “AA” ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီနှင့်တိုင်း ရင်းသား
မဟာမိတ်များ၊ တေ���်လှန်ရေးတပ်ဖွဲများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့၊ လောက်ကိုင်မြို့၊ မူဆယ်မြို့ ၊
စစ်ကိုင်းတိုင်း ကောလင်းမြို့၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ် ပေါက်တောမြို့၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်(၁၈)မြို့နယ်၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)တို့တွင် အင်တာ
နက်နှင့် ဖုန်းလိုင်းပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရသည်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း(၆၂)ခုတွင် အင်တာနက်နှင့် ဖုန်းလိုင်ပြတ်တောက်မှုအကြိမ်ရေ(၇၂) ကြိမ်ထက်
မနည်း
ကြုံတွေ့ခဲ့ရသည်။
ကြုံတွေ့ခဲ့ရသည့်
ကချင်ပြည်နယ်အတွင်း(၁၈)မြို့နယ်၊
မြို့နယ်များမှာ
ချင်းပြည်နယ်အတွင်း(၃)မြို့နယ်၊
ကယားပြည်နယ်အတွင်း(၇)မြို့နယ်၊
ပဲခူးတိုင်းအတွင်း(၄)
ကရင်ပြည်နယ်အတွင်း(၁)မြို့နယ်၊
မွန်
မြို့နယ်၊
ပြည်နယ်
အတွင်း(၁)မြို့နယ်၊ မကွေးတိုင်းအတွင်း(၁)မြို့နယ်၊ ရှမ်းပြည်နယ်အတွင်း(၅)မြို့နယ်၊ ရခိုင်ပြည်နယ်အတွင်း(၅)မြို့ နယ်နှင့် စစ်ကိုင်းတိုင်း
အတွင်း(၁၇)မြို့နယ်တို့ ပါဝင်သည်။
https://www.myanmarinternet.info/my/post/blog_014
7/9