1/12/24, 11:35 AM ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် မိုဘိုင်းတာဝါတိုင်များမှတစ်ဆင့် သုံးစွဲသူ၏တည်နေရာကို အတိအကျခြေ ရာခံ နိုင်သည်။ ထို့ကြောင့် ဆင်းကဒ်(Sim Card)မှတ်ပုံတင်မှုပြုလုပ်ခြင်းသည် စစ်ကောင်စီ၏လူထုအပေါ်စောင့်ကြည့်ရေးနည်းဗျူဟာအပေါ် များစွာ အထောက်အကူဖြစ်စေမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် မတ်လ၊ ဇူလိုင်လနှင့် အောက်တိုဘာလများတွင် ဖုန်းဆင်းကဒ်များ စနစ်တကျမှတ်ပုံတင်ရေးနှင့် မှတ်ပုံ တင်ခြင်းမရှိ သောဆင်းကဒ်များကို ပိတ်သိမ်းပစ်မည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ(၂၆) ရက်နေ့၌ ဆင်းကဒ်(Sim Card)များရောင်းချရာတွင် မှတ်ပုံတင်ပြီးမှရောင်းချရန်နှင့် လွှဲပြောင်းသုံးစွဲရာတွင် ပြန်လည်မှတ်ပုံ တင်မှုများပြုလုပ်ရန် စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ (၇၂)အရ အရေးယူသွားမည်ဖြစ်ကြောင်း ယင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ဆင်းကဒ်မှတ်ပုံတင်ရောင်းချရေးနှင့် လွှဲပြောင်းသုံးစွဲရာ၌ ပြန်လည်မှတ်ပုံတင်မှုဆောင်ရွက်ရေးအတွက် စစ်ကောင်စီ၏ကြေညာချက် ၂၀၂၃ ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ရှိ မိုင်တဲလ်(Mytel)ရုံးသို့ စစ် ကောင်စီ လက်အောက်ခံတပ်ဖွဲ့များလာရောက်၍ ဖုန်းဆင်းကဒ်နံပါတ်များပေးပြီး အသုံးပြုသူ၏တည်နေရာတောင်းယူမှုများ ပြုလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းသတင်းဌာနက သတင်းဖော်ပြခဲ့သည်။ (၂.၃) စစ်ကောင်စီ၏ စောင့်ကြည့်ခြေရာခံမှုဖြစ်စဉ်များနှင့် ပုဂ္ဂလိကအခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များ https://www.myanmarinternet.info/my/post/blog_014 5/9

Select target paragraph3