1/12/24, 11:35 AM
စစ်ကောင်စီ စောင့်ကြည့်နေသည့် လူမှုကွန်ယက်များနှင့် ဖမ်းဆီးခံရမှု အခြေအနေများ
မြန်မာနိုင်ငံတွင် လူသုံးများသောလူမှုကွန်ရက်များဖြစ်သည့် ဖေ့ဘွတ်ခ်(Facebook), တစ်တော့ခ် (Tiktok), အင်စ တာ
ဂရမ်(Instagram)နှင့် တယ်လီဂရမ်(Telegram)တို့အားလေ့လာကြည့်ရာ စစ်ကောင်စီသည် ဖေ့ဘွတ်ခ်လူမှုကွန်ရက်အသုံးပြုသူများ
အား အဓိကစောင့်ကြည့်နေသည်ကိုတွေ့ရသည်။ လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆိုရေးသားမှုများကြောင့် ထိန်းသိမ်းခံရမှုများတွင် ဖေ့
ဘွတ်ခ်(Facebook)ပေါ်တွင်ရေးသားမှုများကြောင့် ထိန်းသိမ်းခံရသူ(၉၇.၁၆%)အထိရှိနေပြီး ဒုတိယအများဆုံးအသုံးပြုကြသည့် လူမှု
ကွန်ရက်တစ်တော့ခ်(Tiktok)ကြောင့် ထိန်းသိမ်းခံရသူမှာ(၂.၆၆%)ရှိသည်။ တယ်လီဂရမ်(Telegram)ပေါ်တွင် ရေးသားမှုကြောင့်
ထိန်းသိမ်းခံရသူ(၀.၁၉ %)သာရှိသည်ကို တွေ့ရသည်။
ထိုသို့စစ်ကောင်စီ၏ဖိနှိပ်မှုအခြေအနေများကြောင့် ၂၀၂၃ ခုနှစ်၌ထုတ်ပြန်ခဲ့သည့် “Freedom House”၏အစီအရင် ခံစာ
“Freedom On the Net” တွင် မြန်မာနိုင်ငံ၏အင်တာနက်လွတ်လပ်ခွင့်အခြေအနေအား ဒုတိယအဆိုးရွားဆုံးနိုင်ငံအဖြစ် သတ်မှတ်
ဖော်ပြခဲ့သည်ကို တွေ့ရသည်။
(၂) လူထု၏ ဒီဂျစ်တယ်လှုပ်ရှားမှုများအပေါ် စောင့်ကြည့်ခြေရာခံမှုအခြေအနေများ
ဒီဂျစ်တယ်ရပ်ဝန်းရှိ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများအပေါ် စစ်ကောင်စီက စောင့်ကြည့်နေရုံသာမက ပြည်သူလူထုတစ် ရပ်လုံးအား
အစုလိုက်အပြုံလိုက်စောင့်ကြည့်မှုများပြုလုပ်ရန်အတွက်အစီအစဉ်များကိုလည်း အကောင်အထည်ဖော်နေ သည်ကို တွေ့ရသည်။ ထိုသို့
လူထု၏လှုပ်ရှားမှုများကို
အစုလိုက်အပြုံလိုက်စောင့်ကြည့်နိုင်ရေးအတွက်
အကောင်အထည်ဖော်သည့်ကိစ္စမှာ
အီးအိုင်ဒီ(E-ID)စနစ်
စစ်ကောင်စီက
အကောင်အထည်ဖော်ရေးဖြစ်သည်။
၂၀၂၃
တစ်
ခုနှစ်အတွင်း၌
အဓိက
နိုင်ငံလုံးအတိုင်းအတာဖြင့်
မှတ်ပုံတင်များကို စမတ်ကဒ်(Smart Card)ပြောင်းလဲမှုဖြင့်ပြီးမြောက်သွားပါ��� နိုင်ငံသားအား လုံး၏ဇီဝအချက်အလက်များကို စစ်
ကောင်စီက ရရှိသွားမည်ဖြစ်သည်။ ရရှိသွားသောအချက်အလက်များအား အသုံးပြု၍ နိုင်ငံသားတို့၏နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာကိစ္စရပ်
များအပါအဝင် သွားလာလှုပ်ရှားမှုများအားလုံးကို ခြေရာခံနိုင်သွားမည်ဖြစ် သည်။
(၂.၁) ဇီဝအချက်အလက်ရရှိရေးနှင့် အီးအိုင်ဒီ(E-ID)စနစ်အကောင်အထည်ဖော်ရေး စစ်ကောင်စီ၏ ခြေလှမ်းများ
ဇီဝအချက်အလက်ကောက်ယူမှုသင်တန်းများကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီက စတင်လုပ်ဆာင်ခဲ့သည်။ ၂၀၂၃ ခုနှစ်
မတ်လ၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကနဦးစီမံကိန်း(Pilot Project)အနေဖြင့် စတင်ခဲ့ခြင်းဖြစ် သည်။ ထို့နောက် ၂၀၂၃ ခု
နှစ် မတ်လ(၃၀)ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့တွင် ဇီဝအချက်အ လက်(Biometric Data)ကောက်ယူမှု
များအား စတင်လုပ်ဆောင်လာခဲ့သည်ကို တွေ့ရသည်။
ထို့နောက် ဇီဝအချက်အလက်ကောက်ယူမှုသင်တန်းများကို တိုင်းဒေသကြီးအသီးသီးတွင် စစ်ကောင်စီက ဆက်လက်ဖွင့်လှစ်၍
အကောင်အထည်ဖော်ခဲ့သည်။
https://www.myanmarinternet.info/my/post/blog_014
3/9