1/12/24, 11:35 AM PSM Club Jan 2 4 min read ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်းမြန်မာနိုင်ငံ၏ ဒစ်ဂျစ် တယ်ဖိနှိပ်ခံရမှု အခြေအနေများ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု စတင်ချိန်မှစ၍ စစ်ကောင်စီသည် လူထု၏သတင်းအချက်အလက်ရယူသုံးစွဲမှုနှင့် သတင်း အချက်အလက်ဆက်သွယ်ရေးကဏ္ဍအပေါ် စောင့်ကြည့်ဖိနှိပ်မှုများဆက်တိုက်ပြုလုပ်ခဲ့သည်။ ယင်းကဏ္ဍများအား ထိန်းချုပ်နိုင်ရေး အတွက် ခေတ်သစ်သတင်းစီးဆင်းမှု၏ကျောရိုးဖြစ်သည့် အင်တာနက်ရပ်ဝန်းအား ပုံစံမျိုးစုံဖြင့် ဖိနှိပ်မှုများ ကို စစ်ကောင်စီက ပြုလုပ်ခဲ့ ပါသည်။ ယခုဆောင်းပါးတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း စစ်ကောင်စီပြုလုပ်ခဲ့သည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုများကို လေ့လာဖော်ပြသွားပါမည်။ တစ်နှစ်တာအတွင်းဖြစ်ပေါ်ခဲ့သော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကိုစု ဆောင်း ရာတွင် သတင်းမီဒီယာများနှင့် ယုံကြည်စိတ်ချရသည့်မိတ်ဖက်အဖွဲ့အစည်းများထံမှရရှိသောသတင်းအချက်အလက် များကိုအခြေပြု၍ ခွဲခြမ်းလေ့လာထားပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း စစ်ကောင်စီပြုလုပ်ခဲ့သည့် ဒီဂျစ်တယ်ဖိနှိမ်မှုများအား အပိုင်း(၄)ပိုင်းဖြင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ဖော်ပြသွားမည်ဖြစ်ပြီး ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။ (၁) ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြေဆိုခွင့်ကို ကန့်သတ်သည့်အခြေအနေများ (၂) လူထု၏ ဒီဂျစ်တယ်လှုပ်ရှားမှုများအပေါ် စောင့်ကြည့်ခြေရာခံမှုအခြေအနေများ (၃) အင်တာနက်ဖြတ်တောက်မှုအခြေအနေများ (၄) အဖိနှိပ်ခံနေရသော အွန်လိုင်းသတင်းလွတ်လပ်ခွင့်အခြေအနေများ (၁) ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြေဆိုခွင့်ကို ကန့်သတ်သည့် အခြေအနေများ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစတင်ပြီး ဒီဂျစ်တယ်ရပ်ဝန��းအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများ အပေါ် ဖမ်းဆီးရေးယူမှုများအား ဆက်တိုက်ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ အွန်လိုင်းပေါ်မှတစ်ဆင့် ၎င်းတို့အပေါ်ဆန့်ကျင် သည့် အမြင် သဘောထားထုတ်ဖော်ပြောဆိုသူများ၊ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေသည့် အစုအဖွဲ့များ အား လူမှုကွန်ရက်မှ တစ်ဆင့် ထောက်ခံအားပေးနေသူများအပါအဝင် ယင်းတို့၏ စီမံခန့်ခွဲမှုအလွဲများအပေါ် ထောက်ပြသူ များအား စောင့်ကြည့်အရေးယူမှု များ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ https://www.myanmarinternet.info/my/post/blog_014 1/9

Select target paragraph3