၂။ ယင်းမာပင် ဖြစ်စဉ်ကို ပွင့်လင်းစွာ အဆုံးသတ်ရန်
ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့၏ ပူးတွဲစစ်ဆေးမှုကို သတ်မှတ်ထားသော ကာလအတွင်း
ပြီးဆုံးစေပြီး ရလဒ်ကိုထုတ်ပြန်ရန်။ စစ်ဆေးနေစဉ် စွပ်စွဲခံရသူကို ရာထူးမှ ရပ်နားထားရန်နှင့် ဖုန်း၊
လူမှုကွန်ရက်မှတဆင့် ခြိမ်းခြောက်နိုင်ခြင်း မရှိစေရန်။ ထုတ်ဖော်ပြောဆိုသူ ရဲမေနှင့် မိသားစု၏ လုံခြုံ
ရေးကို အာမခံပေးရန်၊ တပ်ရင်းထံသတင်းပို့ရန် ဖိအားပေးခြင်းကို ရပ်တန့်ရန်နှင့် သင့်လျော်သော
ကုစားမှုပေးရန်။
ဆက်စပ် - ၃.၃
၃။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွင်း ကျား-မ အခြေပြု အကြမ်းဖက်မှု
တိုင်ကြားရေးယန္တရား ထူထောင်ရန်
တပ်တွင်း အမိန့်ပေးကွင်းဆက်ကိုကျော်၍ တိုက်ရိုက်တိုင်ကြားနိုင်သော သီးသန့်လမ်းကြောင်း ထူ
ထောင်ရန်။ ယင်းယန္တရားတွင် အမျုးသမီ
ိ
း တာဝန်ရှိသူများနှင့် အမျုးသမီ
ိ
းအဖွဲ့အစည်းများ ပါဝင်စေ
ရန်နှင့် ထိခိုက်ခံရသူကို ဗဟိုပြုသောနည်းလမ်းဖြင့် ကိုင်တွယ်ရန်။ ကျား-မ အခြေပြု အကြမ်းဖက်မှု
ကို လုံးဝလက်မခံသည့် မူဝါဒကို ထုတ်ပြန်၍ တပ်ဖွဲ့ဝင်အားလုံးကို အသိပေးရန်။
ဆက်စပ် - ၃.၃
၄။ ဒေသအုပ်ချုပ်ရေးကို ပြည်သူ့ထံ အဆင့်ဆင့်ပြန်လွှဲရန်
ခန့်အပ်ထားသော ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများ၏ သက်တမ်းကို သတ်မှတ်ရန်။ လုံခြုံရေး ခွင့်ပြု
သောရပ်ကွက်၊ ကျေးရွာအဆင့်မှ စတင်၍ ရွေးကောက်တင်မြှောက်ရေး အချန်ိ ဇယားကို ထုတ်ပြန်ရန်။
ရွေးကောက်ပွဲ မကျင်းပနိုင်သေးသည့် ဒေသများတွင် ဒေသခံများနှင့် ပုံမှန် တိုက်ရိုက် ဆွေးနွေးပွဲများ
ကျင်းပရန်။
ဆက်စပ် - ၄.၃
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
47
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents