အခန်း (၅)
သုတေသန နိဂုံး
သုတေသန၏ အဓိကတွေ့ရှိချက်မှာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များနှင့် ဒေသအာဏာပိုင်များသည်
ဒီမိုကရေစီနှင့် လူ့ရပိုင်ခွင့်ကို မူဝါဒအဆင့်တွင် လက်ခံထားကြသော်လည်း လက်တွေ့မြေပြင်တွင်မူ စစ်ရေး၊ လုံခြုံရေး
သို့မဟုတ် တော်လှန်ရေးအတွက်ဟူသော အကြောင်းပြချက်များဖြင့် ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို
ခွင့်ကို ကန့်သတ်နေခြင်း ဖြစ်သည်။ ထုတ်ပြန်ထားသောမူဝါဒများ၊ ကြေညာချက်များနှင့် လက်တွေ့ အကောင်အထည်
ဖော်မှုကြား ကွာဟချက် ကြီးမားနေသည်။ ဤကွာဟချက်သည် လူ့ရပိုင်ခွင့်နှင့် ကျား-မ တန်းတူညီမျှရေးဆိုင်ရာ
သိမြင်နားလည်မှုနှင့် လက်တွေ့လိုက်နာမှုကြား ပဋိပက္ခကို ထင်ရှားစွာ ပြသနေသည်။
တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များနှင့် ဒေသအာဏာပိုင်များသည်
ဒီမိုကရေစီနှင့် လူ့ရပိုင်ခွင့်ကို မူဝါဒအဆင့်တွင် လက်ခံထားကြသော်လည်း
လက်တွေ့မြေပြင်တွင်မူ စစ်ရေး၊ လုံခြုံရေး သို့မဟုတ်
တော်လှန်ရေးအတွက်ဟူသော အကြောင်းပြချက်များဖြင့် ပြည်သူများ၏
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်နေခြင်း ဖြစ်သည်။
ယခုသုတေသနတွင် လေ့လာခဲ့သော တော်လှန်ရေးအဖွဲ့ဝင်တချု့သည်
ိ
လူ့ရပိုင်ခွင့်ကို သီအိုရီအဆင့်တွင် နား
လည်ကြသည်။ သို့သော် မြေပြင်တွင် အာဏာရလာသည့်အခါ အာဏာအလွဲသုံးစားပြုမှု၊ ခြိမ်းခြောက်မှုနှင့် ကျား-မ
အခြေပြု အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပြီး ယင်းတို့ကို တော်လှန်ရေး ပုံရိပ်ထိခိုက်မည်ဟု အကြောင်းပြကာ နစ်နာ
ကြေးဖြင့်ဖြေရှင်းခြင်း သို့မဟုတ် အဖြစ်���ှန်ကို ငြင်းဆိုခြင်းတို့ ပြုလုပ်လေ့ရှိကြသည်။ သုတေသနတွင် လေ့လာခဲ့
သော ကဏ္ဍ(၅)ရပ်ဖြစ်သည့် ဖိနှိပ်မှုပုံစံများ၊ အကြောင်းပြချက်များ၊ အုပ်ချုပ်ရေးအားနည်းချက်များ၊ သယံဇာတ စီမံ
ခန့်ခွဲမှုနှင့် ဒစ်ဂျစ်တယ် လွတ်လပ်ခွင့်တို့သည် အပေါ်ယံတွင် ကွဲပြားနေသော်လည်း ပုံစံတူ ယန္တရားတခုအောက်တွင်
လည်ပတ်နေကြောင်း တွေ့ရသည်။
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
43
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents