သူများနှင့် မီဒီယာများမှ ၎င်းတို့ကိုယ်တိုင် ဆင်ဆာဖြတ်တောက်နေရသည့် အခြေအနေသို့ တဖြည်းဖြည်း ရောက်ရှိ လာသည်။ သို့ရာတွင် ဤဖိနှိပ်မှုပုံစံသည် ဒေသ���ိုင်း တူညီသည်မဟုတ်ပါ။ သုတေသနအင်တာဗျူးတွင် ပါဝင်ခဲ့သည့် မန္တလေး ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူက စစ်ကိုင်းတိုင်းရှိ အခြားမြို့နယ်တခုတွင် ဆန္ဒပြပွဲကို ပသုံးလုံးနှင့်တပ်ရင်းက လုံခြုံရေးပေးခဲ့သည့် ဖြစ်ရပ်လည်း ရှိကြောင်း၊ သို့သော် ထိုဖြစ်စဉ်မှာ ရှားပါးသည်ဟုလည်း ဆိုသည်။ ၎င်းက စည်းကမ်းစနစ်ကျပြီး ကျင့်ဝတ် (COC) ပြည့်မီသော လက်နက်ကိုင်အဖွဲ့နှင့် ပြည်သူဗဟိုပြုအုပ်ချုပ် ရေးရှိသည့်မြို့နယ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အတိုင်းအတာတခုထိ ရှိသော်လည်း မရှိသည့်နေရာတွင် မရှိသည့်အပြင် ခြိမ်းခြောက်ခံရကြောင်း ဆိုပြီး ယေဘုယျအားဖြင့် “ကျွန်တော်အနေနဲ့ကတော့ ၁၀၀ မှာ ၃၀ တောင် မပြည့်ချင်ဘူးလို့ ပြောချင်တယ်” ဟု ကိုယ်ပိုင်အမြင်ဖြင့် အကဲဖြတ်သည်။39 ထို့ကြောင့် ပြဿနာသည် တော်လှန်ရေး အဖွဲ့အားလုံး၏ မူဝါဒထက် ဒေသ၊ အဖွဲ့နှင့် ခေါင်းဆောင်အလိုက် ကျင့်သုံးမှုကွာခြားခြင်းမှ ပေါ်ပေါက်သည်ဟု သုံး သပ်နိုင်သည်။ ထို့အပြင် နယ်မြေခံသတင်းထောက်က “ကျွန်တော်တို့ တခုတော့ ကောင်းတာပေါ့နော် စစ်တပ်လောက် တော့ သတ်ဖြတ်လောက်တာမျုးအထိ ိ တော့ မဖြစ်ဘူးပေါ့နော်။ ဒါပေမဲ့ စိုးရိမ်ရတယ်ဆိုတာ ရှိတယ်”40 ဟု လည်း ကောင်း၊ အမျုးသမီ ိ း အလွတ်တန်းသတင်းထောက်က “စစ်ကောင်စီလောက်တော့ မဆိုးသေးဘူးပေါ့နော်။ ထိန်းချုပ် တယ်ဆိုတာထက်ကို ကန့်သတ်တဲ့အပိုင်းတွေက ရှိနေတာပဲ။”41 ဟုဆိုခြင်းမှာ အာဏာသိမ်းစစ်တပ်နှင့် အတိုင်းအ တာ ကွာခြားကြောင်းကို ပါဝင်သူများကိုယ်တိုင် အသိအမှတ်ပြုထားခြင်း ဖြစ်သည်။ ၄.၂။ တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့များ၏ အကြောင်းပြချက်များ ဝေဖန်ထောက်ပြမှုများကို ပိတ်ပင်ကန့်သတ်နိုင်ရန် တော်လှန်ရေးအဖွဲ့အစည်းများ အသုံးပြုလေ့ရှိသည့် အကြောင်းပြချက်များသည် ပုံသဏ္ဍာန်ကွဲပြားမှုမရှိသည်ကိုတွေ့ရသည်။ အဓိကဇာတ်ကြောင်းနှင့် အကြောင်းပြ ချက်များမှာ တော်လှန်ရေးကို ထိခိုက်စေသည် သို့မဟုတ် ရန်သူ (စစ်တပ်) ကို ဝမ်းသာအောင် လုပ်ပေးခြင်း ဟူသော အချက်များပင် ဖြစ်သည်။ ထိုအကြောင်းပြချက်များသည် ဝေဖန်ချက်တခု၏ အကြောင်းအရာ ကို စိစစ်ခြင်းထက်၊ ဝေဖန်ပြောဆိုသူ၏ ရည်ရွယ်ချက်ကို လိုသလို ကောက်ချက်ချကာ သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ဝေဖန်ထောက် ပြချက် မှန်ခြင်း၊ မှားခြင်းသည် အဓိကမကျဘဲ၊ တော်လှန်ရေးအင်အားစု အဖွဲ့ဝင်များအပေါ် ဝေဖန်မှုလုပ်ဆောင် ခြင်းကပင် ယခုတော်လှန်ရေးကာလအတွင်း လုပ်ဆောင်ရန်မသင့်တော်သည့် ဇာတ်ကြောင်းကို ပုံဖော်နေသည်ဟူ၍ နားလည်နိုင်သည်။ အမျုးသမီ ိ း သတင်းထောက်က ယခုကဲ့သို့ ထောက်ပြဆွေးနွေးထားသည်။ 39 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ မန္တလေးကြားကာလ အုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် 40 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ နယ်မြေခံသတင်းထောက်နှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် 41 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ အလွတ်တန်း အမျုးသမီ ိ းသတင်းထောက်နှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 30

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents