location တွေပေါက်တဲ့အခါမှာ လေကြောင်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မျုးတွေ ိ တိုက်ရိုက်တည်တည်ကြီးထိတဲ့ ဖြစ်စဉ် မျုးတွေလည် ိ း အများကြီးရှိခဲ့တယ်။ ဒါတွေသည် မထုတ်ပြန်တဲ့အတွက်ကြောင့်မို့လိုသာ မသိသာတာ” ဟု ဆိုသည်။ ကန့်သတ်ချက်များကို မြို့နယ်အလိုက် ကာလအကန့်အသတ်ဖြင့် ကြေညာကာ သိမ်းဆည်းထားသောစက်ကို အချန်ိ တခုအကြာတွင် ပြန်ပေးလေ့ရှိသည်ဟုလည်း ဆိုသည်။26 တဖက်တွင် သုတေသနအင်တာဗျူးတွင် ပါဝင်ခဲ့သည့် နယ်မြေခံသတင်းထောက်က ၎င်း၏ဒေသတွင် Starlink ပိတ်ဆို့ခြင်း မကြုံရသေးကြောင်း၊ ပိတ်ပါက ရွာလူထုသည် စစ်ကြောင်းနေရာ သတင်း ဖလှယ်၍ မရနိုင်ကြောင်း “starlink Wifi တွေ ပိတ်လိုက်ခြင်းအားဖြင့် ဘယ်နေရာမှာ စစ်သားတွေရောက်နေမှန်းမသိ ဘာမှန်းမသိဆိုရင် အကုန်လုံး ပြည်သူလူထုကို သတ်သလိုတောင် ဖြစ်သွားဦးမယ်”27 ဟု ဆိုသည်။ နယ်မြေခံ တက်ကြွလှုပ်ရှားသူ တဦ; ကမူ စစ်ကို��်းတိုင်းရှိ မြို့တမြို့သိမ်းပြီးနောက် ပြည်သူများကို Starlink မသုံးရန်တားမြစ်ခဲ့သော ဖြစ်ရပ်ကို ဥပမာ ပေးကာ “ဒီလို အခြေအနေမျုးတွေကတော့ ိ အာဏာရှင်ဆန်တဲ့ အပြုအမှုတွေမဟုတ်ဘူး”28 ဟု ဆိုသည်။ ထို့ကြောင့် လုံခြုံရေး အကြောင်းပြချက်ဖြင့် ကန့်သတ်သည့်အခါ တရားဝင်ကန့်သတ်ချက်နှင့် ပိုလွန်သော ကန့်သတ်ချက်ကို ခွဲခြားစစ်ဆေးရန် လိုသည်။ ၃.၅။ ဖြစ်စဉ် (၄) သတင်းမီဒီယာ ဖိနှိပ်မှုနှင့် သတင်းထောက်များ၏ ဘေးကင်းလုံခြုံရေး မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း မြေပြင်သတင်းများ ရယူဖော်ပြနေသည့် Upper Burma News Agency (UBNA) သတင်းဌာန၏ မတ္တရာမြို့နယ် သတင်းတာဝန်ခံ ဦးတိုးကြီးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ် တွင် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခု၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ဦးတိုးကြီးသည် “People’s Information Force” အမည်ရှိ Telegram Channel ဖွင့်လှစ်ကာ ဒေသတွင်း စစ်အာဏာရှင် ဖိနှိပ်မှုများကို တင်ပြနေ 26 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ NUG ၏ ယခင်လူ့အခွင့်အရေးဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် 27 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ နယ်မြေခံသတင်းထောက်နှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် 28 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ နယ်မြေခံတက်ကြွလှုပ်ရှားသူနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 24

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents