၃.၃။ ဖြစ်စဉ် (၂) မြေပြင်အုပ်ချုပ်ရေး၊ လူ့ရပိုင်ခွင့်နှင့် ကျား-မ အခြေပြု အကြမ်းဖက်မှု လက်နက်ကိုင် အာဏာအလွဲသုံးစားမှု၊ ကျား-မ အခြေပြု အကြမ်းဖက်မှုနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပြဿနာ များသည်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များက မြေပြင်စိုးမိုးမှုများ ရရှိလာချန်ိ တွင် တွေ့ မြင်လာရသည့် ပြဿနာတရပ် ဖြစ်သည်။ အမျုးသားညီ ိ ညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ ယင်းမာပင်ခရိုင်ရှိ တပ်ရင်းတခုတွင် တာဝန်ထမ်းဆောင်နေသည့် အမျုးသမီ ိ း PDF ရဲမေတဦးသည် တပ်တွင်းလိုအပ်ချက်အရ အလှခံ ရာမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။12 ထိန်းသိမ်းခံထားစဉ် ပြင်းထန်သော ရုပ်ပိုင်း ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကို ကြုံတွေ့ခဲ့ရသည်ဟု သတင်းဖော်ပြချက်များ က ဆိုသည်။ ဤအစီရင်ခံစာသည် ရဲမေ၏ ကာကွယ်စောင့်ရှောက်မှုနှင့် ကျင့်ဝတ်အရ ညှဉ်းပန်းမှု၏ အသေးစိတ်နှင့် ပြန်လည်ဖော်ထုတ်နိုင်သည့် အချက်အလက်များကို ချန်လှပ်ထားသည်။ ရဲမေနှင့် မိသားစုဝင်များသည် ဖြစ်စဉ်အစတွင် နီးစပ်ရာတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ အကူအညီတောင်းခံခဲ့သော်လည်း စွပ်စွဲခံရသည့် တပ်ရင်းမှုး၏အာဏာစက်နှင့် လက်တုံ့ပြန်မည့်အန္တရာယ်ကို စိုးရိမ် သဖြင့် မည်သူမျှမကူညီရဲဘဲ မျက်ကွယ်ပြုခဲ့ကြသည်ဟု ဖော်ပြသည်။ ရဲမေက ဤမတရားမှုကို မီဒီယာများထံ ထုတ် ဖော်ပြောဆိုသည့်အခါ စွပ်စွဲခံရသူတပ်ရင်းမှုးက ဆိုရှယ်မီဒီယာတွင် ပြန်လည်ခြိမ်းခြောက်သည့် ပို့စ်တင်ခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ 12 https://www.bbc.com/burmese/articles/czx42g2kyz6o တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 18

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents