အခန်း (၃)
ဖြစ်စဉ်လေ့လာချက်များနှင့် တွေ့ရှိချက်များ
ဖြစ်စဉ်များရွေးချယ်မှုနှင့် နောက်ခံအကြောင်းအရင်း
၃.၁။ ဖြစ်စဉ်များ ရွေးချယ်မှု၊ နောက်ခံနှင့် ဖတ်ရှုပုံ
ဤသုတေသနတွင် တော်လှန်ရေးအစုအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ၎င်းတို့
အပေါ် ဝေဖန် ထောက်ပြမှုများကို မည်သို့ တုံ့ပြန်နေကြသည်ကို တိကျခိုင်မာစွာ ဆန်းစစ်နိုင်ရန် အဓိက အကြောင်းအရာ
(၄) ခုကို ကိုယ်စားပြုသည့် ဖြစ်စဉ်လေ့လာချက် (၄) ခုကို ရွေးချယ်ထားသည်။ ဖြစ်စဉ်တခုချင်းစီသည် သီးခြားဖြစ်ရပ်
တခု သက်သက်မဟုတ်ဘဲ လက်ရှိ တော်လှန်ရေးနယ်မြေများအတွင်း ဖြစ်ပေါ်နေသော ဖွဲ့စည်းပုံဆိုင်ရာ ဖိနှိပ်မှုများ၊
သတင်းအချက်အလက်စီးဆင်းမှု ကန့်သတ်ခံရပုံများနှင့် တာဝန်ခံမှု ပျက်ယွင်းနေသည့် အခင်းအကျင်းများကို မတူညီ
သောရှုထောင့်များမှ ထင်ဟပ်ဖော်ပြသည်။
ဤအခန်းတွင် ဖြစ်စဉ်တခုချင်းစီကို ဖော်ပြပြီးနောက် ထိုဖြစ်စဉ်နှင့် ဆက်စပ်သော လေ့လာတွေ့ရှိချက်များကို
ဆက်လက်တင်ပြထားသည်။ ဖြစ်စဉ်များလေ့လာပြီး ပေါ်ထွက်လာသော တွေ့ရှိချက်များ (အကြောင်းပြချက်များနှင့်
စံနှုန်းဆန်းစစ်ချက်) ကို အခန်း (၄) တွင် ပေါင်းစပ်တင်ပြသည်။
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
13
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents