၁.၁။ ရည်ရွယ်ချက်နှင့် သုတေသနမေးခွန်းများ ဤသုတေသနသည် အောက်ပါမေးခွန်းများကို ဖြေဆိုရန် ကြိုးပမ်းသည်။ ၁ လက်ရှိနိုင်ငံရေး အကျပ်အတည်းကာလအတွင်း တော်လှန်ရေးအစိုးရများနှင့် တော်လှန်ရေး အင်အားစုများသည် ၎င်းတို့အပေါ် ဝေဖန်ထောက်ပြမှုများနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု နှင့် ပွင့်လင်းမြင်သာမှု မည်သို့ရှိသနည်း။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးရန် အတွက် မည်သို့သော တရားဝင်နှင့် တရားမဝင် ဖိနှိပ်မှုပုံစံများကို အသုံးပြုနေကြသနည်း။ ၂ ထိုကန့်သတ်မှုများကို မည်သည့် အကြောင်းပြချက်များဖြင့် တရားဝင်စေသနည်း၊ ယင်း အကြောင်းပြချက်များသည် လိုအပ်ချက်နှင့် အချုးညီ ိ မျှမှု စံနှုန်းများနှင့် ကိုက်ညီသလား။ ၁.၂။ နယ်ပယ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် ဤသုတေသနသည် စစ်ကောင်စီ၏ ချုးဖောက် ိ မှုများကို မလေ့လာဘဲ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ နှင့် ဒေသအာဏာပိုင်များ၏ လုပ်ရပ်များကိုသာ အဓိက လေ့လာသည်။ စစ်ကောင်စီ၏ ချုးဖောက် ိ မှုများသည် ပမာဏ နှင့် စနစ်တကျကျူးလွန်မှုအရ ပိုမိုကြီးမားကြောင်း ဤအစီရင်ခံစာက ငြင်းဆိုခြင်းမရှိပါ။ တော်လှန်ရေးအင်အားစု များကို တာဝန်ခံမှုအတွက် လေ့လာခြင်းသည် စစ်ကောင်စီနှင့် အလားတူသည်ဟု နှိုင်းယှဉ်ခြင်းမဟုတ်ဘဲ၊ ၎င်းတို့ ကာ ကွယ်လိုသော တန်ဖိုးများနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်း ဖြစ်သည်။ ဤစာတမ်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆို��ည်မှာ ထင်မြင်ယူဆချက်ကို ဝေဖန်ထုတ်ဖော်ခွင့်၊ သတင်းအချက်အလက် ရှာဖွေ၊ လက်ခံ၊ ဖြန့်ဝေခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ဒစ်ဂျစ်တယ်နယ်ပယ်တွင် ဆက် သွယ်ခွင့်တို့ကို ဆိုလိုသည်။ အခြားဝေါဟာရများကို ဝေါဟာရရှင်းလင်းချက်တွင် ကြည့်ပါ။ တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 8

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents