၂၁။ သတင်းမီဒီယာ အဖွဲ့အစည်းများ၏ အလွတ်သတင်းထောက်များအပေါ် တာဝန် မြေပြင်မှသတင်းပေးပို့နေသော အလွတ်သတင်းထောက်များနှင့် သတင်းတာဝန်ခံများအတွက် လုံခြုံ ရေး လုပ်ထုံးလုပ်နည်းများ ချမှတ်ရန်။ ၎င်းတို့ ဖမ်းဆီးခံရပါက ပူးပေါင်း ကြေညာချက်များ ထုတ်ပြန် ရန်နှင့် ဆက်လက် စောင့်ကြည့် တောင်းဆိုရန်။ အယ်ဒီတာ့အဖွဲ့များအနေဖြင့် မြေပြင်သတင်းထောက် များကို ကိုယ်တိုင် ဆင်ဆာဖြတ်တောက်ရန် ဖိအားမပေးမိစေရန်နှင့် အရင်းအမြစ်များကို ကာကွယ်ရန်။ ဆက်စပ် - ၃.၅ (UBNA၊ BNA၊ ဖားကန့် အလွတ်သတင်းထောက်)၊ ၄.၁ ၆.၅။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အလှရှင်များသို့ ၂၂။ ထောက်ပံ့မှုတွင် လူ့အခွင့်အရေး စံနှုန်းများ ထည့်သွင်းရန် တော်လှန်ရေး အုပ်ချုပ်ရေးယန္တရားများကို ထောက်ပံ့ရာတွင် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်ဆိုင်ရာ ကတိကဝတ်များကို အခြေခံစံနှုန်းအဖြစ် ထည့်သွင်းရန်။ ယင်းမာပင်ဖြစ်စဉ် နှင့် သတင်းသမားများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များကို NUG နှင့် တော်လှန်ရေးအဖွဲ့များနှင့် ဆွေးနွေး ရာတွင် ထည့်သွင်းမေးမြန်းရန်။ ဆက်စပ် - ၃.၃၊ ၃.၅ ၂၃။ ဒေသခံ မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ရေရှည် ထောက်ပံ့ရန် လွတ်လပ်သော ဒေသခံမီဒီယာများ၊ လူ့ရပိုင်ခွင့် မှတ်တမ်းတင်သူများ၊ သတင်းသမား ကာကွယ်ရေး ရန်ပုံငွေများနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးလုပ်ငန်းများကို ရေရှည်ထောက်ပံ့ရန်။ စစ်တပ်သာမက ပဋိပက္ခ တွင် ပါဝင်သူအားလုံး၏ ချုးဖောက် ိ မှုများကို မှတ်တမ်းတင်သည့် လုပ်ငန်းများကို အားပေးရန်။ ဆက်စပ် - ၃.၂ မှ ၃.၅ အထိ တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 54

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents