၅။ သတင်းသမားများ ဖမ်းဆီးခြင်းဆိုင်ရာ ညွှန်ကြားချက် ထုတ်ပြန်ရန် MOD လက်အောက်ရှိ မည်သည့်တပ်ဖွဲ့မျှ သတင်းရေးသားမှုကြောင့်သာ သတင်းသမားကို ဖမ်းဆီး၍ မရကြောင်း ညွှန်ကြားချက် ထုတ်ပြန်ရန်။ မည်သည့် ထိန်းသိမ်းမှုကိုမဆို သတ်မှတ်ထားသော ကာလ အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနထံ အစီရင်ခံရန်နှင့် မိသားစုထံ အသိပေးရန်။ ဆက်စပ် - ၃.၅၊ ၄.၁ ၆.၂။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များသို့ ၆။ သတင်းရေးသားမှုကြောင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ရန် သတင်းရေးသားမှုကြောင့်သာ ထိန်းသိမ်းထားသော သတင်းသမားများကို ချက်ချင်းပြန်လွှတ်ရန်။ ဦး တိုးကြီးကို ဆက်လက်ထိန်းသိမ်းထားပါက မည်သည့်အဖွဲ့က မည်သည့်နေရာတွင် ထိန်းသိမ်းထား သည်၊ မည်သည့်စွဲချက်ဖြင့် ထိန်းသိမ်းထားသည်နှင့် ကျန်းမာရေး အခြေအနေကို မိသားစုထံ ချက်ချင်း အသိပေးရန်။ ဆက်စပ် - ၃.၅ ၇။ ညှဉ်းပန်းနှိပ်စက်မှုကို ရပ်တန့်၍ စုံစမ်းစစ်ဆေးရန် ကချင်ပြည်နယ်တွင် သတင်းသမားတဦးကို ထိန်းသိမ်းထားစဉ် မျက်စိစည်းခြင်း၊ ရိုက်နှက်ခြင်း၊ ကျောက်ခဲပေါ် ဒူးထောက်ခိုင်းခြင်းနှင့် မြေအောက်ခန်းတွင်ချုပ်နှောင်ခြင်း စသည့် စွပ်စွဲချက်များကို KIA က လွတ်လပ်စွာ စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို အရေးယူရန်။ ထိန်းသိမ်းထားသူ အားလုံး ကို စွဲချက်အသိပေးခြင်း၊ မိသားစုနှင့် ဥပဒေအကြံပေးထံ ဆက်သွယ်ခွင့်ပေးခြင်းနှင့် လူသိရှင်ကြား သိရှိထားသော နေရာများတွင်သာ ထိန်းသိမ်းခြင်းစသည့် အခြေခံအကာအကွယ်များကို လိ���က်နာရန်။ ထိန်းသိမ်းရေးနေရာများသို့ လွတ်လပ်သော စောင့်ကြည့်သူများ ဝင်ရောက်ခွင့်ပြုရန်။ ဆက်စပ် - ၃.၅၊ ၄.၄ တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 48

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents