အခန်း (၆)
အကြံပြုချက်များ
အထက်ပါ ဖြစ်စဉ်လေ့လာချက်များနှင့် တွေ့ရှိချက်များအရ စိုးမိုးနယ်မြေများအတွင်း လွတ်လပ်စွာ ထုတ်ဖော်
ပြောဆိုခွင့်ကို ကာကွယ်ပေးနိုင်ပြီး တာဝန်ခံမှုရှိသော ဒေသန္တရ အုပ်ချုပ်ရေးယန္တရားများ ပေါ်ထွက်လာစေရန် သက်
ဆိုင်ရာ အဖွဲ့အစည်းများထံ အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။ အကြံပြုချက်တခုချင်းစီ၏ အောက်တွင် ဆက်စပ်
သောဖြစ်စဉ် သို့မဟုတ် တွေ့ရှိချက်ကို ဖော်ပြထားသည်။
၆.၁။ အမျုးသားညီ
ိ
ညွတ်ရေးအစိုးရ (NUG) သို့
၁။ တိုင်ကြားမှုယန္တရားကို မြေပြင်အထိရောက်ရှိစေရန်
သက်ဆိုင်ရာ ဝန်ကြီးဌာနအောက်ရှိ တိုင်ကြားစာ ဗဟိုကော်မတီအကြောင်းကို ဒေသခံများ သိရှိစေရန်
ဒေသဘာသာစကားဖြင့် အသိပညာပေးရန်။ အမည်ဝှက်၍ လုံခြုံစွာတိုင်ကြားနိုင်သော လမ်းကြောင်း
များ (လုံခြုံသော မက်ဆေ့ချ်ပို့စနစ်၊ ဖုန်းလိုင်း၊ မြို့နယ်အဆင့် ဆက်သွယ်��ေးတာဝန်ခံ) ဖွင့်ပေးရန်။
လက်ခံရရှိသော တိုင်ကြားချက်အရေအတွက်နှင့် ဖြေရှင်းပြီးသော အရေအတွက်ကို တိုင်ကြားသူကို
ဖော်ထုတ်နိုင်သော အချက်အလက် မပါဘဲ ပုံမှန် ထုတ်ပြန်ရန်။
ဆက်စပ်-၄.၃ (တိုင်ကြားမှုယန္တရားသည် အဖွဲ့အစည်းအဆင့်တွင်သာ ရှိပြီး မြေပြင်သို့ မရောက်ခြင်း)
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
46
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents