အခန်း (၄) လေ့လာတွေ့ရှိချက်များ ဤအပိုင်းတွင် ဖြစ်စဉ်လေ့လာချက် (၄) ခုနှင့် သုတေသနအင်တာဗျူးများမှ ပေါ်ထွက်လာသော တွေ့ရှိချက် များကို ဖိနှိပ်မှုပုံစံများ၊ အာဏာပိုင်များ၏ အကြောင်းပြချက်များနှင့် လက်တွေ့တာဝန်ယူမှု အခြေအနေဟူ၍ အပိုင်း (၃) ပိုင်းခွဲ၍ ပေါင်းစပ် ရေးသားထားပါသည်။ ၄.၁။ ဖိနှိပ်မှုနှင့် တုံ့ပြန်မှုပုံစံများ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များသည် ၎င်းတို့အပေါ် ဝေဖန်ထောက်ပြမှုများကို တုံ့ပြန်ရာ၌ အုပ်ချုပ် ရေးယန္တရားမှ ခွင့်ပြုထားသော ဖိနှိပ်မှုနှင့် အုပ်ချုပ်ရေးယန္တရားဘောင်အပြင်မှ ဖိနှိပ်မှုဟူ၍ ကွဲပြားသော ချဉ်းကပ် နည်းနှစ်မျုးလု ိ ံးကို တပြိုင်နက်တည်း အသုံးပြုနေကြောင်း ဤသုတေသနက တွေ့ရှိရသည်။ အုပ်ချုပ်ရေးယန္တရားမှ ခွင့်ပြုထားသော ဖိနှိပ်မှုပုံစံတွင် အုပ်ချုပ်ရေးအာဏာကိုအသုံးပြု၍ လူ့ရပိုင်ခွင့် ချုးိ ဖောက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် လွတ်လပ်စွာထုတ်ဖော်‌ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ထား သည့် အမိန့်များထုတ်ပြန်ခြင်း အစရှိသည်တို့ ပါဝင်သည်။ ဥပမာ - တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် KNU သည် ၎င်းတို့ထိန်းချုပ်နယ်မြေများအတွင်း သတင်းအချက်အလက်ရယူရာ၌ တာဝန်ရှိသူများထံမှ ခွင့်ပြုချက်တောင်းခံ ရန်နှင့်34 သတင်းစီးဆင်းမှုကို ထိန်းချုပ်နိုင်ရန် တရားဝင်မူဝါဒများ ထုတ်ပြန်ထားသည်။35 တော်လှန်ရေးအင်အားစု များ၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်များကို ဝေဖန်သည့် သတင်းရေးသားမှုများကို သတင်းအမှား ရေးသားသည် ဟုစွပ်စွဲကာ သတင်းရေးသားသူအား ဖမ်းဆီး၊ ချုပ်နှောင်ခြင်းများအထိ လုပ်ဆောင်လေ့ရှိသည်။ ယင်းသည် သတင်း လွတ်လပ်ခွင့်အပေါ် တရားဝင်ဖိအားပေး ခြိမ်းခြောက်မှုပင် ဖြစ်သည်။ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များ၏ တရားမျှတမှုမရှိသော လုပ်ရပ်များအပေါ် ဝေဖန်ထောက်ပြသည့် သတင်း ရေးသားခြင်းကြောင့် သတင်းအမှား ရေးသားသည်၊ တော်လှန်ရေးအင်အားစု အချင်းချင်းကြား သွေးကွဲစေသည့် 34 နယ်‌မြေအတွင်း သတင်းရယူခြင်းဆိုင်ရာ စည်းကမ်းချက်များ KNU ထုတ်ပြန်၊ Karen Information Center (ဧပြီလ ၂၀၂၄) 35 ကရင်နှင့် ကရင်နီပြည်နယ်တွင်း သတင်းရယူမှုကိုကန့်သတ်၊ DVB (ဧပြီလ ၂၀၂၄) တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 27

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents