တော်လှန်ရေး အင်အားစုများသည် နယ်မြေထိန်းချုပ်နိုင်လာသည့်အခါ စစ်ရေးလုံခြုံရေးခေါင်းစဉ်ဖြင့် ပြည်
သူများ၏ သတင်းအချက်အလက်ရယူခွင့်နှင့် နည်းပညာလွတ်လပ်ခွင့်ကို တရားဝင် အမိန့်ညွှန်ကြားချက်များထုတ်
၍ ကန့်သတ်ထိန်းချုပ်သည့် အလေ့အထများ ပေါ်ပေါက်လာသည်မှာ ဤဖြစ်ရပ်တခုဖြင့်ပင် ထင်ရှားသည်။ ကရင်နီ
ဒေသ၊ NUG တိုက်ရိုက်ထိန်းချုပ်နေသည့် အညာဒေသ၊ ရခိုင့်တပ်မတော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်နယ်နှင့်
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းက TNLA နှင့် MNDAA ထိန်းချုပ်ခဲ့သည့် ဒေသများတွင်လည်း အလားတူဖြစ်ရပ်
များ22 ပေါ်ပေါက်ခဲ့သည်။ အင်တာနက်သုံးစွဲခွင့်ကို ခွင့်ပြုမိန့်ယူစေခြင်းနှင့် ကိုယ်ရေးအချက်အလက် စာရင်းကောက်ယူ
ခြင်းတို့သည် ဒစ်ဂျစ်တယ်နယ်ပယ်တွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဆက်သွယ်ခွင့်ကို ခြိမ်းခြောက်သည့်
အာဏာရှင်ဆန်သော စံနှုန်းများ ဖြစ်ပေါ်စေနိုင်သည်။
လေ့လာတွေ့ရှိချက်- ဒစ်ဂျစ်တယ်နှင့် အင်တာနက်လွတ်လပ်ခွင့်
စိုးမိုးနယ်မြေများတွင် ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်နှင့် သတင်းအချက်အလက် စီးဆင်းမှုအပိုင်းများ၌ ကြီးမား
သောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ စစ်ရေးပြင်းထန်သောဒေသများတွင် အင်တာနက်သည် သတင်းအချက်
အလက်ရယူခွင့်အပြင် ဒေသခံပြည်သူများ၏ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးနှင့် အသက်ကယ် သတင်းအချက်
အလက်ရယူနိုင်ခွင့်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ဥပမာအားဖြင့်ဆိုလျင် လေကြောင်းနှင့် မြေပြင်စစ်ကြောင်းထိုး
တိုက်ခိုက်မှု ကြိုတင်သတိပေးချက်များ၊ လုံခြုံသောနေရာအား ရှာဖွေနိုင်ရန် သတင်းအချက်အလက်များနှင့် မိသားစု
ဝင်များ၏ ဘေးကင်းလုံခြုံမှုကို စိစစ်ရန် ဆက်သွယ်ရေးလမ်းကြောင်းများသည် အင်တာနက် ချတ်
ိ ဆက်မှုအပေါ်တွင်
အပြည့်အဝ မှီခိုနေသည်။
သုတေသနအင်တာဗျူးတွင် ပါဝင်ခဲ့သည့် အလွတ်တန်း အမျုးသမီ
ိ
းသတင်းထောက်၏ ပြောဆိုချက်အရ
Starlink ပိတ်ခြင်း၏ သက်ရောက်မှုသည် ကာလပေါ်မူတည်ပြီး တလ၊ နှစ်လကြာပိတ်လျှင် မကောင်းဘဲ ရက်ပိုင်းသာ
ပိတ်လျှင် နည်းနည်းခံသာကြောင်း ဆိုသည်။
“Starlink ပိတ်တာဘာညာတွေကတော့ သက်ရောက်မှုရှိတယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်
လို့ပဲ ပြောရမလား၊ ပြည်သူတွေရဲ့ လုပ်ငန်းဆောင်တာ သတင်းအချက်အလက် ရရှိမှုအပေါ်လည်း
သက်ရောက်မှုတွေတော့ ရှိတယ်။ ဒါပေမဲ့ အဲ့ဒါက အချန်ိ ပေါ်မူတည်တယ်။ တလ၊ နှစ်လကြီး ပိတ်လိုက်
တာကတော့ မကောင်းဘူး။ တချု့နေရာကျတော့
ိ
အကြာကြီးပိတ်တာမျုးတော့
ိ
ရှိတယ်။ တချု့ကျ
ိ
ရက်ပိုင်းလောက် ပိတ်တာမျုးဆိ
ိ ုရင်တော့ နည်းနည်းတော်သေးတယ် ပြောရမယ်။” 23
22 https://www.myanmarinternet.info/post/quarterly_may_july_2026
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
22
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents