ကိစ္စ” ဟုဆိုပြီး ထိုမတရားမှုကို ထုတ်ဖော်ပြောဆိုသူများသည် မြေပြင်တွင်ရှိနေပါက အသက်အန္တရာယ်များကြောင်း
ဖော်ပြသည်။16
ဤဖြစ်စဉ်အရ တော်လှန်ရေးကာလအတွင်း လက်နက်ကိုင်ထားသူများအပေါ် စွပ်စွဲချက်များကို လွတ်လပ်
စွာ စုံစမ်း၊ အရေးယူရန် ပျက်ကွက်ခြင်းသည် တော်လှန်ရေး၏ အဓိကတန်ဖိုးများဖြစ်သော တရားမျှတမှုနှင့် လူ့
ဂုဏ်သိက္ခာနှင့် ဆန့်ကျင်ရာ ရောက်စေနိုင်သည်။ ဤဖြစ်စဉ်တွင် ထုတ်ဖော်ပြောဆိုသူနှင့် သတင်းသမားများအတွက်
သက်သေအကာအကွယ်ပေးရေးစနစ် ရှိကြောင်း ကျွန်ုပ်တို့ မတွေ့ရှိရပါ။ ဒေသန္တရ အုပ်ချုပ်ရေးယန္တရားများ ပျက်ယွင်း
နေချန်ိ တွင် မီဒီယာများ၏ စုံစမ်းဖော်ထုတ်မှု၊ အရပ်ဘက်အဖွဲ့များ၏ ပူးပေါင်းဖိအားပေးမှုကဲ့သို့ ထုတ်ဖော်ပြောဆိုမှု
အင်အားစုများ ရှိနေမှသာ တာဝန်ခံမှု ယန္တရား စတင်လှုပ်ရှားလာခြင်းကို ဤဖြစ်စဉ်တွင် တွေ့ရသည်။
၃.၄။ ဖြစ်စဉ် (၃) ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်နှင့် နယ်မြေစိုးမိုးရေး ကန့်သတ်ချက်များ
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF၊ စဉ့်ကူးမြို့နယ် ပက
ဖနှင့် ပလဖတို့ ပူးပေါင်းဖွဲ့စည်းထားသည့် စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကော်မတီက စစ်တပ်၏ လေကြောင်း
တိုက်ခိုက်မှုအန္တရာယ်နှင့် လုံခြုံရေးကျုးပေါက်
ိ
မှုကို ကာကွယ်ရန် အကြောင်းပြချက်ဖြင့် Starlink အင်တာနက်
အသုံးပြုခွင့်ကို ကန့်သတ်ထားသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် ညနေ (၃) နာရီခန့်တွင် ကျေးရွာတ
ရွာရှိနေအိမ်တွင် Starlink တပ်ဆင်အသုံးပြုမှုသည် အဆိုပါ ဒေသန္တရစည်းမျဉ်းများကို ချုးဖောက်
ိ
သည်ဟုဆိုကာ
သွားရောက်စစ်ဆေး အရေးယူခဲ့သည့် ပူးပေါင်းအဖွဲ့ ရဲဘော်များနှင့် မိသားစုဝင်များအကြား စကားများ အငြင်းပွားမှု
ဖြစ်ပွားခဲ့သည်။17
16 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူ
17 https://bit.ly/4ypMSIt
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
20
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents