အလားတူ သဘာဝသယံဇာတထုတ်ယူမှုနှင့် အခွန်ကောက်ခံမှု ပြဿနာများကို အမျုးသားညီ
ိ
ညွတ်ရေးအစိုးရ
စိုးမိုးသည့် ရေနံမှော်များတည်ရှိရာ မကွေးတိုင်းဒေသကြီးတွင်လည်း ဖော်ပြကြသည်။ ဒေသကာကွယ်ရေးအဖွဲ့များ၊
ပအဖ၊ ပကဖအဖွဲ့စုံက ဂိတ်ပေါင်းစုံဖွင့်ကာ ရေနံစိမ်း၊ ဆီအချောနှင့် ထင်းကားများအပေါ် အခွန်ခေါင်းစဉ်အမျုးမျ
ိ ုးိ
တပ်၍ သေနတ်ပြ ငွေကောက်ခံခဲ့သည့် ဖြစ်ရပ်များရှိခဲ့သည်။7
ဤဖြစ်ရပ်များအရ သယံဇာတဖြင့် ရန်ပုံငွေအကျုးအမြတ်
ိ
ကြီးမားသည့် နယ်မြေများတွင် ဒေသခံများ၏
သဘာဝပတ်ဝန်းကျင် တရားမျှတမှု တောင်းဆိုခြင်းနှင့် အခွန်ကောက်ခံမှုကို မေးခွန်းထုတ်ခြင်းတို့ကို နှောင့်ယှက်မှု
အဖြစ် ရှုမြင်ကာ အင်အားသုံးတုံ့ပြန်ခဲ့သည်ဟု ဒေသခံများနှင့် မီဒီယာများ၏ ဖော်ပြချက်များက ညွှန်ပြနေသည်။
လေ့လာတွေ့ရှိချက်- သယံဇာတစီမံခန့်ခွဲမှုနှင့် ပွင့်လင်းမြင်သာမှု
ကချင်ပြည်နယ် ဖရဲရွာဖြစ်စဉ်လေ့လာမှုအရ သယံဇာတ စီမံခန့်ခွဲမှုပိုင်းတွင်လည်း တော်လှန်ရေးနယ်မြေများ
အတွင်း ကြီးမားသော အကျုးစီ
ိ းပွား ပွတ်တိုက်မှုများနှင့် မညီမျှမှုများ ရှိနေသည်ကို တွေ့နိုင်သည်။ တော်လှန်ရေး
လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ငွေကြေး၊ ရိက္ခာနှင့် လက်နက်ခဲယမ်း လိုအပ်ချက်သည် တခါတရံတွင် ဒေသခံ
ပြည်သူများ၏ ထုတ်ဖော်ပြောဆိုသံများနှင့် အခြေခံလူ့ရပိုင်ခွင့်များကို လွှမ်းမိုးသွားလေ့ရှိသည်ဟု သုတေသန
အင်တာဗျူးတွင် ပါဝင်ခဲ့သူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လေ့လာန���သူက သုံးသပ်သည်။ တော်လှန်ရေး
လက်နက်ကိုင် အင်အားစုများသည် စစ်ရေး၊ လုံခြုံရေးနှင့် ဆက်စပ်သည့် ကဏ္ဍများ၌ ကောင်းမွန်စွာလည်ပတ်နိုင်ရန်
နှင့် ရေရှည်ရပ်တည်နိုင်ရန်အတွက် သဘာဝသယံဇာတများ ထွက်ရှိရာ နယ်မြေများ၌ တူးဖော်ရေးလုပ်ငန်းများအပြင်
အခွန်ငွေ ကောက်ခံခြင်းများကိုလည်း တိုးချဲ့လုပ်ဆောင်လုပ်ကြသည်ဟု ၎င်းကဆိုသည်။8 အစောပိုင်း တော်လှန်ရေး
ကာလတွင် ပြည်သူများ လက်ဝတ်လက်စား၊ လယ်ယာမြေ ရောင်းချလှဒါန်းခြင်းဖြင့် ရန်ပုံငွေ ဖြည့်ဆည်းခဲ့သော်လည်း
ထိုနည်းလမ်းမှာ ရေတိုသာအဆင်ပြေနိုင်ကြောင်း ၎င်းက ဆိုသည်။
ဒေသခံပြည်သူများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ထက် တော်လှန်ရေး လက်နက်ကိုင်
တပ်ဖွဲ့များ၏ ဘဏ္ဍာရေးလိုအပ်ချက်သည် ဦးစားပေးဖြစ်လာသည့် အခြေအနေများတွင် သယံဇာတ ထုတ်ယူမှုကို
မေးခွန်းထုတ်၍ ဆန္ဒပြသည့်အခါ ဆန္ဒပြမှုကို ဦးဆောင်သူများကို ဖိနှိပ်သည့် ဖြစ်ရပ်များရှိကြောင်း၊ သစ်တတုံးနှစ်
တုံးတင်လျှင် ပြည်သူထောင်ကျနိုင်သော်လည်း အာဏာပိုင်နှင့် ဆက်နွှယ်သူများ ကားဖြင့်ထုတ်လျှင် ကင်းလွတ်ခွင့်ရ
7 https://burma.irrawaddy.com/article/2025/02/22/397718.html
8 အင်တာဗျူးတွင်ပါဝင်ဖြေဆိုသူ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လေ့လာသုံးသပ်သူ
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
16
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents