၁၂။ သုံးပွင့်ဆိုင် ပူးတွဲကော်မတီ ဖွဲ့စည်းရန်
အင်တာနက် လွတ်လပ်ခွင့်၊ သယံဇာတ တူးဖော်ရေးနှင့် အခွန်ကောက်ခံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ
ကို ဒေသအာဏာပိုင်၊ တပ်ဖွဲ့ခေါင်းဆောင်များနှင့် ဒေသခံအရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များ
ပါဝင်သည့် ပူးတွဲကော်မတီမှတဆင့် ချမှတ်ရန်နှင့် ဒေသခံများ၏ သဘော��ူညီချက် ရယူရန်။
ဆက်စပ် - ၃.၂၊ ၃.၄
၁၃။ အခွန်နှင့် သယံဇာတ ဝင်ငွေကို ပွင့်လင်းစွာ ထုတ်ပြန်ရန်
အခွန်နှုန်းထား၊ ခွင့်ပြုထားသောဂိတ်များ၏ နေရာနှင့် ကောက်ခံရရှိသော ဝင်ငွေ၊ သုံးငွေကို ပုံမှန်
ထုတ်ပြန်ရန်။ ခွင့်ပြုချက်မရှိသောဂိတ်များကို ပိတ်သိမ်းရန်။ ပွင့်လင်းမြင်သာမှု တောင်းဆိုသော ပြည်
သူများနှင့် သတင်းသမားများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းမှ ကာကွယ်ရန်။
ဆက်စပ် - ၃.၂ (မကွေးတိုင်း ရေနံမှော် ဂိတ်များ)
၁၄။ ဘက်မလိုက်သော တိုင်ကြားမှုနှင့် အရေးယူမှုစနစ် ထားရှိရန်
ကျူးလွန်သူသည် အာဏာပိုင် သို့မဟုတ် တပ်ဖွဲ့ဝင်ဖြစ်စေကာမူ ဘက်မလိုက်ဘဲ ဥပဒေအတိုင်း အရေး
ယူရန်။ ကျူးလွန်ခံရသူကို “နစ်နာကြေး” ဖြင့် အမှုကြေအေးရန် ဖိအားပေးခြင်းကို တားမြစ်ရန်။ ကြေ
အေးမှုတိုင်းသည် ကျူးလွန်ခံရသူ၏ လွတ်လပ်သော သဘောတူညီချက်ဖြင့်သာ ဖြစ်ရမည်။
ဆက်စပ် - ၄.၃
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
51
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents