ဖိနှိပ်မှုနှင့် တုံ့ပြန်မှုပုံစံများကဏ္ဍတွင် ဝေဖန်သူများနှင့် မေးခွန်းထုတ်သူများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း ကဲ့သို့ ရုပ်ပိုင်းဆိုင်ရာဖိနှိပ်မှုများ ပြုလုပ်နေကြောင်း တွေ့ရသည်။ အကြောင်းပြချက်များကဏ္ဍတွင် တော်လှန်ရေး အတွက်၊ စစ်ရေးနှင့် လုံခြုံရေးကြောင့်ဟူသော အယူအဆဆိုင်ရာ စကားရပ်များကို အသုံးပြု၍ ချုးဖောက် ိ မှုများကို တရားဝင်အောင် ပြုလုပ်နေကြသည်။ ထို့အပြင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ လာဘ်စားမှု၊ ငွေညှစ်မှုနှင့် အာဏာ အလွဲသုံးစားမှုများကို တာဝန်ခံမှုယန္တရား အားနည်းသောကြောင့် ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်း မရှိကြောင်း လက် တွေ့ တာဝန်ယူမှုနှင့် အုပ်ချုပ်ရေး အကျပ်အတည်း ကဏ္ဍတွင် တွေ့ရသည်။ သယံဇာတစီမံခန့်ခွဲမှုနှင့် ဒစ်ဂျစ်တယ် လွတ်လပ်ခွင့် ကဏ္ဍများတွင်လည်း ပုံစံတူဖိနှိပ်မှုများကို တွေ့ရသည်။ အာဏာပိုင်များသည် ဝေဖန်ချက်များကို အပြုသဘောဖြင့် တုံ့ပြန်မည့်အစား ငါတို့နှင့်ရန်သူ ဟူသော ခွဲခြားသည့် ယုတ္တိကို စိုးမိုးနယ်မြေများတွင် ပိုမို ကျင့်သုံးလာကြသည်။ ယင်း၏ အကျုးဆက် ိ အဖြစ် ဒေသခံပြည်သူများနှင့် မီဒီယာ များသည် ကိုယ့်ကိုယ်ကို ဆင်ဆာဖြတ်တောက်လာကြပြီး ဒေသခံများနှင့် အုပ်ချုပ်သူများကြား ယုံကြည်မှု ကျဆင်း လာသည်။ ဤတွေ့ရှိချက်များမှ အထင်ရှားဆုံးအချက်မှာ စိုးမိုးနယ်မြေများတွင် ကြုံတွေ့နေရသော ပြဿနာသည် မူဝါဒ မရှိခြင်း မဟုတ်ဘဲ မူဝါဒကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် ကွာဟနေခြင်း ဖြစ်သည်။ ယခုသုတေသနတွင် လေ့လာခဲ့သော တော်လှန်ရေးအဖွဲ့ဝင်များသည် နယ်မြေစိုးမိုးမှု ရရှိလာပြီးနောက် ၎င်းတို့ ဆန့်ကျင်တွန်းလှန်နေသော အာဏာရှင်များ၏ ကျင့်သုံးပုံများကို ပြန်လည် ကျင့်သုံးလာသည့် အာဏာရှင်ကူးစက်မှု (Authoritarian Contagion) လက္ခဏာများ ပေါ်ပေါက်နေသည်။ ဤအလေ့အထများသည် လက်ရှိ အသွင်ကူးပြောင်းရေး ကာလအတွက်သာ မဟုတ်ဘဲ အနာဂတ်တွင် တည်ဆောက်လိုသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်၏ အခြေခံအုတ်မြစ်ကို အောက်ပါ အတိုင်း ထိခိုက်စေနိုင်သည်။ ရွေးကောက်ပွဲ ဒီမိုကရေစီ ထိခိုက်ခြင်း။ ဒေသအုပ်ချုပ်ရေးတွင် ပြည်သူက ရွေးချယ်ခြင်း မဟုတ်ဘဲ အထက်မှ တိုက်ရိုက်ခန့်အပ်သည့်စနစ်ကို ကျင့်သုံးနေခြင်း အလေ့အထသည် အနာဂတ်တွင် ရွေး ကောက်ပွဲများကိုရွှေ့ဆိုင်းခြင်း သို့မဟုတ် အာဏာကို ပြည်သူ့ထံပြန်လွှဲရန် ငြင်းဆန်ခြင်းအထိ ဦးတည် သွားနိုင်သည်။ ဖက်ဒရယ်စနစ်ကို ထိခိုက်ခြင်း။ ဖက်ဒရယ်စနစ်၏ အနှစ်သာရမှာ ဥပဒေကို လေးစားလိုက်နာခြင်း၊ ဒေသများကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးခြင်းနှင့် ဒေသခံများ၏ အခြေခံလူ့ရပိုင်ခွင့်များကို ကာကွယ်ပေး ခြင်း ဖြစ်သည်။ မူဝါဒများရှိနေသော်လည်း ဒေသအာဏာပိုင်များက စိတ်ကြိုက်ကန့်သတ်နေပါက တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 44

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents