သူ ဖြစ်သည့်အပြင် Mandalay Free Press (MFP)၊ Democratic Voice of Burma (DVB) စသည့် သတင်းဌာနများ ထံသို့လည်း ဒေသတွင်း သတင်းအချက်အလက်များ တင်ပြပေးနေသည့် မြေပြင်သတင်းသမားတဦး ဖြစ်သည်။29 တော်လှန်ရေးနယ်မြေများနှင့် ပဋိပက္ခဒေသများအတွင်း သတင်းထောက်များ ဖမ်းဆီးခံရမှုသည် မတ္တရာ တခု တည်းမဟုတ်ဘဲ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့တွင် အာရက္ခတပ်တော် (AA) ထောက်လှမ်းရေးတ��်ဖွဲ့က Border News Agency (BNA) သတင်းထောက် မမုဒြာအား နေအိမ်တွင် လာရောက် ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်၊30 ကချင်ပြည်နယ် ဖားကန့်မြို့တွင် အခြေစိုက်သည့် အလွတ်သတင်းထောက်တဦးကို ကချင် လွတ်မြောက်ရေးတပ်မတော်က မကြာခဏ ခေါ်ယူစစ်ဆေးသည့် ဖြစ်စဉ်များ31 လည်း ရှိခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့များသည် သတင်းထောက်ဦးတိုးကြီးအား ဖမ်းဆီးရာတွင် စစ်ရေးသတင်းများ ပေါက် ကြားသည်ဟူသော အကြောင်းပြချက်ကို အသုံးပြုခဲ့သည်[ရင်းမြစ်]။32 အရပ်သားသေဆုံးမှု၊ တိုက်ပွဲအခြေအနေနှင့် လေကြောင်းဗုံးကြဲမှုစသည့် ဒေသခံလူထု သိရှိပိုင်ခွင့်ရှိသော အခြေခံသတင်း အချက်အလက်များ ဖော်ပြခြင်းကိုပင် စစ်ရေးလျှဝှ ိ က်ချက် ဖောက်ဖျက်မှုအဖြစ် သတ်မှတ်ကာ ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။ ဦးတိုးကြီးကို မည်သည့်အဖွဲ့က မည်သည့်နေရာတွင် မည်သည့်ဥပဒေဖြင့် ဖမ်းဆီးထားကြောင်း တရားဝင် ထုတ်ပြန်အသိပေးခြင်းမရှိပေ။ အသက်ရှင်လျက် ရှိ/မရှိ၊ ကျန်းမာရေး အခြေအနေနှင့် ရောက်ရှိနေသည့် နေရာတို့ကို မိသားစုနှင့် မီဒီယာဌာနက အတည်မပြုနိုင်အောင် သတင်းအမှောင်ချထားသဖြင့် ဥပဒေမဲ့ဖမ်းဆီးခြင်းနှင့် သတင်း လွတ်လပ်ခွင့်ကို အပြင်းအထန် ခြိမ်းခြောက်ခြင်း ဖြစ်သည်။ တလနီးပါးအကြာ ဖမ်းဆီးထိန်းသိမ်းခံရဖူးသည့် နယ်မြေခံသတင်းသမားက ထိန်းချုပ်ခံရခြင်း၏ ဆက်လက် သက်ရောက်မှုကို “ကျွန်တော်တို့ကို ထိန်းချုပ်လိုက်ခြင်းဖြင့် ကျန်တဲ့ဥစ္စာတွေပါ အသံပိတ်အောင် လုပ်တဲ့သဘော သက်ရောက်တာ၊ ကျန်တဲ့ဥစ္စာနဲ့ပတ်သက်ပြီး သိပ်ပြီး ပြောရဲဆိုရဲ မရှိတော့ဘူး။ ပြန်ဝေဖန်ရင်တော့ ခံရမှာပဲဆိုတဲ့ အဲ့ အတွေးဝင်လာတာပေါ့”33 ဟု ဆိုသည်။ 29 https://www.facebook.com/share/p/1HfEhhA5W5/ 30 https://myanmar-now.org/mm/news/67965/ 31 https://www.facebook.com/reel/845904014463041 32 https://myanmar-now.org/mm/news/73431/ 33 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ နယ်မြေခံသတင်းထောက်နှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 25

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents