အရေးပေါ် အုပ်ချုပ်ရေးကော်မတီက Starlink အင်တာနက်ကို ကိုယ်ပိုင်အိမ်သုံးအတွက်သာ ကန့်သတ်ခွင့်
ပြုပြီး အများပြည်သူသို့ အခကြေးငွေဖြင့် မျှဝေသုံးစွဲခြင်းနှင့် လိုင်းခွဲဝေသုံးစွဲခြင်းများကို ပိတ်ပင်ထားသည်။18 အများ
ပြည်သူသို့ အခကြေးငွေဖြင့် မျှဝေအသုံးပြုလိုပါက အာဏာပိုင်များထံ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရမှသာ
သုံးစွဲခွင့်ပေးထားသည်။ ဤအစီအမံသည် စစ်ဒဏ်သင့်နယ်မြေအတွင်း သတင်းရယူခွင့်နှင့် ပြင်ပကမ္ဘာသို့ သတင်း
အချက်အလက် စီးဆင်းခွင့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ထိန်းချုပ်သည့် သက်ရောက်မှု ရှိနိုင်သည်။
ငွေသွင်းငွေထုတ်နှင့် အရေးပေါ်ကျန်းမာရေးအတွက် အင်တာနက် အသုံးပြုသူတိုင်း၏ အမည်၊ နိုင်ငံသ���း စိစစ်
ရေးကတ် အမှတ်နှင့် နေရပ်လိပ်စာ အပြည့်အစုံ\ကို မှတ်တမ်းတင်ထားရပြီး စစ်ဆေးရေးအဖွဲ့က တောင်းဆိုပါက
ပြသရမည်ဟု စည်းမျဉ်းထုတ်ထားသည်။ သုံးစွဲသူများ၏ အချက်အလက်လုံခြုံမှုကို ထိန်းသိမ်းရမည့်အစား အပြည့်
အဝ စောင့်ကြည့်စစ်ဆေးနိုင်သည့် မူဝါဒကို ကျင့်သုံးထားသည့်အပြင် အင်တာနက်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသမျှ
လုံခြုံရေးကျုးပေါက်
ိ
မှု အားလုံးအတွက် စက်ပိုင်ရှင်ကသာ တာဝန်ခံရမည်ဟု ချမှတ်ထားသည်။19
စည်းကမ်းဖောက်ဖျက်ပါက ပထမအကြိမ် ဒဏ်ငွေ ကျပ် ၁၀ သိန်း၊ ဒုတိယအကြိမ် ကျပ် သိန်း ၂၀ နှင့် တတိယ
အကြိမ်တွင် စက်ပစ္စည်းအား (၄) လကြာ သိမ်းဆည်းသည့် ကြီးလေးသောဒဏ်ခတ်မှုများ သတ်မှတ်ထားသည်။ မြေပြင်
စစ်ဆေးမှုများ ပြုလုပ်ရာတွင်လည်း လက်နက်ကိုင် ရဲဘော်များက စိတ်လိုက်မာန်ပါပြုမူခြင်း၊ အာဏာပြ အငြင်းပွားခြင်း
များ ပြုလုပ်ခဲ့သဖြင့် ပြည်သူများအတွက် နည်းပညာသုံးစွဲခွင့်သာမက လုံခြုံစွာနေထိုင်ခွင့်ပါ ခြိမ်းခြောက်ခံခဲ့ရသည်။
အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က စစ်တပ်၏ နေ့စဉ် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်နှင့် လုံခြုံရေး ကျုးပေါက်
ိ
နိုင်ခြေကိုအကြောင်းပြကာ အင်တာနက်ကန့်သတ်ချက်များ ချမှတ်ရသည်ဟု ဆိုသည်။ အငြင်းပွားမှု ဖြစ်ပွားပြီးနောက်
အရေးပေါ်အုပ်ချုပ်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပြီး20 စည်းမျဉ်းချုးဖောက်
ိ
၍ စက်တပ်ဆင်သူများအပေါ်သာ
မက စည်းမျဉ်းကို အကောင်အထည်ဖော်ရာတွင် ကျင့်ဝတ်စည်းကမ်း ချုးဖောက်
ိ
သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ
အပေါ်ပါ သင့်လျော်သလို အရေးယူမည်ဟု ကြေညာခဲ့သည်။ NUG တံဆိပ်ပါ ထုတ်ပြန်ချက်အရ ကျေးရွာသို့ ပထမ
လုံခြုံရေးတာဝန်ရှိသူ ၅ ဦး သွားရောက်ပြီး မအောင်မြင်သဖြင့် PDF တပ်ဖွဲ့ဝင်များပါ ပါသည့် ၁၂ ဦးအဖွဲ့ ပြန်သွား
ကာ စက်ကိုသိမ်းဆည်း၍ တာဝန်ရှိသူကို စစ်ဆေးရန် ခေါ်ယူခဲ့သည်။21 NUG ၏ ဖျက်သိမ���းလိုက်ပြီဖြစ်သည့် လူ့
အခွင့်အရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကလည်း MDY PDF ဖြစ်စဉ်ကို သာဓကပြကာ ပြည်သူနှင့်ဆက်ဆံရာတွင်
စည်းကမ်းနှင့်မညီပါက တပ်ကပင် တပ်စည်းကမ်းအရ အရေးယူလေ့ရှိသည်ဟု ဆိုသည်။ သို့သော် ထိုအရေးယူမှု
လက်တွေ့ ဆောင်ရွက်ခဲ့သည့်ရလဒ်ကို ဤစာတမ်းက အတည်မပြုနိုင်သေးပါ။
18 https://myanmar-now.org/mm/news/68605/?utm_source=chatgpt.com
19 https://myaelattathan.com/news/15738/
20 https://myanmar-now.org/en/news/myanmar-resistances-restriction-of-starlink-access-draws-backlash-from-civilians/
21 https://myanmar-now.org/en/news/myanmar-resistances-restriction-of-starlink-access-draws-backlash-from-civilians/
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
21
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents