ထို့ပြင် စွပ်စွဲခံရသူ၏တပ်ဖွဲ့ဝင်များက ရဲမေ၏မိသားစု ပုန်းအောင်းနေသည့် ကျေးရွာများအထိ စောင့်ကြည့်နေ
သောကြောင့် ကလေးငယ်အပါအဝင် မိသားစုတခုလုံးမှာ တောတောင်ထဲသို့ အကြိမ်ကြိမ် နေရာပြောင်းရွှေတိမ်းရှောင်
ခဲ့ရသည်ဟု ဆိုသည်။ စွပ်စွဲခံရသူကို ချက်ချင်း ထိန်းချုပ်အရေးယူခြင်း မရှိသည့်အပြင် အသက်အန္တရာယ်ကြောင့်
တိမ်းရှောင်နေရသည့် ရဲမေနှင့် ခင်ပွန်းကို ရောက်ရာအရပ်မှ တပ်ရင်းထံသတင်းပို့ရန် ဖိအားပေးခဲ့ရာ တိုင်ကြားသူ၏
လုံခြုံရေးကို လျစ်လျူရှုသည့် လုပ်ရပ်အဖြစ် ဝေဖန်ခံခဲ့ရသည်။
ဘီဘီစီနှင့် ဧရာဝတီသတင်းဌာနများက ရဲမေ၏ ရင်ဖွင့်သံနှင့် မိသားစု၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ
မှု၊ တော်လှန်ရေးနယ်မြေတွင်း လူနည်းစုအပေါ် ခွဲခြားဖိနှိပ်မှုများကို စုံစမ်းထောက်လှမ်း သတင်းဖော်ထုတ်ခဲ့သည်။13
ဗမာနိုင်ငံလုံးဆိုင်ရာ အမျုးသမီ
ိ
းများသမဂ္ဂ (ABWU) အပါအဝင် အမျုးသမီ
ိ
း ရေးရာအဖွဲ့ (၁၆) ဖွဲ့နှင့် အရပ်ဘက်အဖွဲ့
အစည်း (၁၄၉) ဖွဲ့တို့က အိတ်ဖွင့်ပေးစာ ထုတ်ပြန်ကာ ပြစ်ဒဏ် ကင်းလွတ်ခွင့် ပပျောက်ရေး၊ တပ်ရင်းမှူးအား ရာထူး
မှရပ်နား စစ်ဆေးရေးနှင့် NUG MOD ထံ မျက်နှာစုံညီ တွေ့ဆုံရန် ပြင်းပြင်းထန်ထန် ဖိအားပေး တောင်းဆိုခဲ့သည်။14
တော်လှန်ရေးကာလအတွင်း လက်နက်ကိုင်ထားသူများအပေါ် စွပ်စွဲချက်များကို
လွတ်လပ်စွာ စုံစမ်း၊ အရေးယူရန် ပျက်ကွက်ခြင်းသည်
တော်လှန်ရေး၏ အဓိကတန်ဖိုးများဖြစ်သော တရားမျှတမှုနှင့်
လူ့ဂုဏ်သိက္ခာနှင့် ဆန့်ကျင်ရာ ရောက်စေနိုင်သည်။
ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) အမှုတွင် ဖြစ်စဉ်ဖြစ်ပွားပြီး (၃) လနီးပါး ကြာမြင့်သည်အထိ ထိရောက်သော
အရေးယူမှုမရှိခဲ့ဘဲ အရပ်ဘက်အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာနှင့် လူထုဖိအား ပြင်းထန်လာမှသာ NUG ပြည်ထဲ
ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းစစ်ဆေးနေကြောင်း၊ သံသယတရားခံကို ထိန်းသိမ်းထား
ကြောင်း ထုတ်ပြန်ခဲ့သည်။15 သို့သော် စစ်ဆေးနေစဉ် ကာလအတွင်း၌ပင် စွပ်စွဲခံရသူ တပ်ရင်းမှူးသည် ဖုန်းအသုံးပြု
ခွင့်ရရှိနေခြင်း၊ လူမှုကွန်ရက်မှတဆင့် လွတ်လပ်စွာ ခြိမ်းခြောက်ခွင့် ရနေခြင်းတို့ကြောင့် NUG ၏ တရားစီရင်ရေးနှင့်
စစ်ဆေးကိုင်တွယ်မှုအပေါ် ဝေဖန်မှုများ ရှိခဲ့သည်။ အင်တာဗျူးပါဝင်သူ မန္တလေး ကြားကာလအုပ်ချုပ်ရေးကောင်စီမှ
တာဝန်ရှိသူတဦးကလည်း ဤအမှုနှင့်ပတ်သက်၍ “အခုထိ အမှု ၆ လကျော်နေပြီ အမှန်တရား မပေါ်သေးဘူးဆိုတဲ့
13 https://www.facebook.com/share/p/18YvQ42yhc/
14 https://www.facebook.com/share/p/1D7n6YwJeM/
15 https://www.facebook.com/share/p/15189fXAvHq/
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
19
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents