ကြောင်း၊ အဖမ်းခံရမည်ကို စိုးရိမ်၍ သိလျက် ငြိမ်ခံနေသူများ တိုးလာကြောင်း အင်တာဗျူးတွင်ပါဝင်ခဲ့သည့် နယ်မြေ ခံ တက်ကြွလှုပ်ရှားသူက ဖော်ပြသည်။9 ၎င်းက “သိလျက်နဲ့ မမြင်ချင်ယောင်ဆောင်လိုက်တဲ့ အနေအထားမျုးတွေ ိ မတရားဖိနှိပ်ခံရမှန်း သိ လျက်သားနဲ့ ငြိမ်ခံနေတဲ့အနေအထားမျုးနဲ ိ ့ လက်ရှိအခင်းအကျင်းမှာ ပိုပိုပြီးတော့ များလာတယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။ အင်တာဗျူးတွင်ပါဝင်ခဲ့သည့် ဒေသတွင်းသတင်းသမားတဉီးကမူ ကျောက်မျက်တူးဖော်ရာ နယ်မြေ ကျေးရွာ ရွှေ့ပြောင်းရေးအတွက် ဈေးနှုန်းသတ်မှတ်ပုံကို သတင်းရေးပြီးနောက် နောက်မှ ကားဖြင့်တိုက်ခံရပြီး ပွန်းပဲ့ဒဏ်ရာ ရခဲ့ကြောင်း (တိုက်ခိုက်သူကို ရည်ညွှန်းမဖော်ပြ)၊ ကျောက်ဖြတ်တောက်မှုအပေါ် Facebook တွင်ရေးသည့် ဒေသခံ လူငယ်တဦးကို (၂) ရက် ဖမ်းဆီး ရိုက်နှက်ပြီး ပို့စ်ကို ဖျက်စေခဲ့ကြောင်း ပြောကြားသည်။10 “ဒီဒေသမှာ သယံဇာတတူးဖော်ရေးနဲ့ ပတ်သက်ပြီးတော့ တချု့သွ ိ ားရှုပ်လို့ မရတဲ့ဟာတွေ ရှိတယ်။ နောက်တခုက အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ အောက်ခြေတိုက်နယ်လောက်တော့ တော်ရုံ တန်ရုံဝေဖန်လို့ရပေမဲ့ နဲနဲလေး ကြီးမားသွားတဲ့ဟာမျုးဆိ ိ ုရင် လုံးဝကိုအထိမခံတဲ့ အပိုင်းတွေ ရှိတယ်။ လုံးဝကို မရဘူး။ “အေးဆေးနေပေါ့။ နောက်နေ့ မျက်နှာမသစ်ချင်ဘူးလား။” ဒီလိုပဲ ကျွန်တော်တို့ လည်း ခဏခဏ ခြိမ်းခြောက်ခံရပါတယ်။ ကျွန်တော်တို့ ခုဆိုရင်လည်း “နောက်တခါ အချုပ်ထဲကို ပြန် လွမ်းနေပြီလား ပြောတာတွေရှိတယ်။ မင်းအသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့တူတယ်” စသဖြင့် လာ ပြောတာတွေ ရှိတယ်။” 11 တွင်းထွက်သယံဇာတများ ကြွယ်ဝသော ဒေသများတွင် ကြွယ်ဝမှုကြောင့်ပင် ပဋိပက္ခနှင့် အုပ်ချုပ်ရေးကဏ္ဍ များ၌ အကျင့်ပျက်ခြစားခြင်းနှင့် အာဏာအလွဲသုံးစား ပြုခြင်းများကို ပို၍တွေ့ရှိရသည်။ သယံဇာတ စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များသည် တော်လှန်ရေးလက်နက်ကိုင် အင်အားစုများအတွက် အရေးပါသော အခန်းကဏ္ဍတရပ် ဖြစ် သော်လည်း တာဝန်ရှိသူများ၏ ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်း၊ ပြည်သူလူထု၏အသံကို လျစ်လျူရှုခြင်း၊ ခြိမ်းခြောက် ခြင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်းတို့သည် ဒေသခံပြည်သူများနှင့် အုပ်ချုပ်သူ အာဏာပိုင်များကြား ယုံကြည်မှုကို ပြိုလဲစေနိုင်သည်။ 9 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ နယ���မြေခံတက်ကြွလှုပ်ရှားသူ 10 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ နယ်မြေခံသတင်းထောက် 11 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ နယ်မြေခံသတင်းထောက် တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 17

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents