စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် ကြိုးစားအားထုတ်နေသည့် (၅) နှစ်ကျော်ကာလအတွင်း တော်လှန်ရေး
အင်အားစုများနှင့် ပြည်သူလူထုကြား ထားရှိရမည့် လူမှုပဋိညာဉ်သည် ဒေသန္တရအုပ်ချုပ်ရေးနှင့် တာဝန်ခံမှုယန္တရား
ကြား��ွင် အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေကြရသည်။ ဒေသအများစုတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး
တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များသည် စစ်ရေးအရ အသာစီးရရေးနှင့် နယ်မြေစိုးမိုးရေးကို ဦးစားပေး လုပ်
ဆောင်နေရသည်။
ဤသုတေသနတွင် ပါဝင်သူများက ကာလကြာလာသည်နှင့်အမျှ စိုးမိုးနယ်မြေများအတွင်း လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့် ပိုမိုကျဉ်းမြောင်းလာသည်ဟု ခံစားရကြောင်း ဖော်ပြကြသော်လည်း ကာလအလိုက် နှိုင်းယှဉ်
နိုင်သည့် အချက်အလက်ကို ဤသုတေသနက မစုဆောင်းထားပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မည်သည့်
အတိုင်းအတာအထိ ခွင့်ပြုမည်ဟူသော စံနှုန်းမှာ အဖွဲ့အလိုက်ကွဲပြားပြီး ဒေသန္တရအာဏာပိုင်များက ကိုယ်ပိုင် ဆုံး
ဖြတ် ကန့်သတ်နေသည်ကို ဖြစ်စဉ်များတွင် တွေ့ရသည်။
၃.၂။ ဖြစ်စဉ် (၁) သဘာဝပတ်ဝန်းကျင် တရားမျှတမှုနှင့် သယံဇာတစီမံခန့်ခွဲမှု
သယံဇာတပေါကြွယ်ဝသော နယ်မြေများတွင် တော်လှန်ရေးရန်ပုံငွေ ရှာဖွေမှုနှင့် ဒေသခံလူထု၏ ရှင်သန်ရပ်
တည်ရေး အခွင့်အရေးတို့အကြား ပဋိပက္ခများကို လေ့လာရန်အတွက် ဤဖြစ်စဉ်ကို ရွေးချယ်ထားခြင်း ဖြစ်သည်။
ကချင်ပြည်နယ် ချဖွေမြိ
ီ
ု့နယ် ဖရဲရွာရှိ မြေရှားသတ္တုတူးဖော်မှုအပေါ် ကန့်ကွက်သည့်ဒေသခံများကို ကချင် လွတ်
မြောက်ရေးတပ်မတော် (KIA) က အင်အားသုံး ဖြိုခွဲဖမ်းဆီးခဲ့သည့် ဖြစ်စဉ်1 တွင် သယံဇာတစီးပွားရေး အကျုးအမြတ်
ိ
သည် လူထု၏ ထုတ်ဖော်ပြောဆိုခွင့်အပေါ် မည်သို့ နှုတ်ပိတ်ဖိနှိပ်မှု ဖြစ်စေသည်ကို ဖော်ထုတ်ထားသည်။
1 https://www.rfa.org/burmese/news/rare-earth-kachin-02142024030917.html
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
14
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents