2/24/25, 3:20 PM Digital Hate: Monthly Update for January 2025 ဆောင်ရွက်သွားမည်ဟူ မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် မသီတာ ယုမွန်ပြောပြီဟု A...K...Mg TikTok account တွင်ပြန်လည်ဖော်ပြခဲ့သည်။ ထိုဖော်ပြမှုတွင် PDF များအား တိုင်းပြည်ဖျက်နေသည်ဟု အပြစ်သားအဖြစ် စွပ်စွဲရေးသားထားသည့် အမုန်းစကားကို ထည့်သွင်း ရေးသားထားသည်။ မူရင်းပို့စ် A...K...Mg ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့တွင် နောင်ချိုမြို့အား စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် မှုကြောင့် ပြည်သူများသေဆုံးခဲ့ရသည့်ဖြစ်စဉ်အား TNLA နှင့် PDF များ အပေါ်ကို တည့်တည့် ဗုံးကြဲချနိုင် သည့်အတွက် သေဆုံးမှုများရှိခဲ့သည်ဟု လေယဉ်ဖြင့် ဗုံးကြဲမှုကို အားပေးထောက်ခံသည့် အကြောင်းကို မှိုင်းဝေ ချန်နယ်မှ ဖော်ပြထားပါသည်။ ထိုဖော်ပြမှုတွင် TNLA နှင့် PDF များကို ခွေးဖြင့် ခိုင်းနှိုင်းထားသည့် လူအဖြစ်မှ နှိမ့်ချသည့် အမုန်းစကားကိုထည့်သွင်း ဖော်ပြထားပါသည်။ မူရင်းပို့စ် မှိုင်းဝေ တွေ့သမျှ ဟောင် မြင်သမျှ လိုက်ကိုက် နေတဲ့မှ အကြမ်းဖက်ရန် မွေးထားသည့် PDF များဟုဆိုကာ PDF များကို ခွေး များအဖြစ်ပုံဖော်ပြီး ရန်ပြုမည့်ပုံဖြင့် ပြည်သူများကို ရေးဆွဲထားသည့် ကာတွန်းကို စစ်သွေးချန်နယ်တွင်ဖော်ပြ ထားသည်။ ထိုကာတွန်းတွင် PDF များ အား အကြမ်းဖက်ခွေးများ အဖြစ် လည်းကောင်း လူ့အဖြစ်မှနှိမ့်ချဆက်ဆံ ထားသည့် အမုန်းစကားနှင့် NUG အား အကြမ်းဖက် အပြစ်သားအဖြစ်ပုံဖော် ထားသည့် အမုန်းစကားကို ထည့်သွင်း ဖော်ပြထားသည်။ မူရင်းပို့စ် စစ်သွေး ရခိုင်လူမျိုးများနှင့် ရခိုင့်တပ်မတော် AA အား ပစ်မှတ်ထား အမုန်းစကားဖြန့်ဝေမှု ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် AA အကြား တိုက်ပ���ဲများ မကြာခဏ ဖြစ်ပွားနေပြီး အထူး သဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် ထိတွေ့မှု ပိုမိုပြင်းထန်နေသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင် AA ၏ ဩဇာလွှမ်းမိုးမှုသည် ပိုမိုကြီးထားလာသည်နှင့် အမျှ စစ်ကောင်စီ၏ AA နှင့် ရခိုင်လူမျိုးများအပေါ် ပစ်မှတ်ထား အမုန်းစကားဖြန့်ဝေမှုမှာ လည်း ပိုမိုပြင်းထန်လာသည်။ https://myemail.constantcontact.com/Digital-Hate--Monthly-Update-for-January-2025-.html?soid=1129958286276&aid=Cmj0phAunzg 28/35

Select target paragraph3