Burma Affairs & Conflict Study
Contact: info@burmaacs.org
စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း
ရပ်/ကျေး အုပ်ချုပ်ရေး ဒေသ ၄၉၈ နယ်မြေတွင်တွေ့ရှိရသည့်
အခြေအနေများကို လေ့လာခြင်း
ပြည်သူ ၂၅၀၀ ကျော်ကို အဓမ္မစစ်သားစု ဆောင်းမှုနှ င့် ပတ်သက်ပြီး ကြုံ တွေ့ရသည့် အခြေအနေများ
အကြောင်း အွန်လို င်းမေးမြန်သည့် ဖောင်မှ တဆင့် မေးမြန်းခဲ့ ရာတွင် ပြည့်စုံ စွာ ဖြေကြားသူ ၈၀၀ ကျော်
ရှိခဲ့ သည်။ အဆို ပါ ပြည့်စုံ စွာဖြေကြားထားသည့် ဖြေဆို မှုပေါင်း ၈၀၀ ကျော်ကို ထပ်မံ ခွဲခြမ်းစိတ်ဖြာ
ရာတွင် ပြည်နယ်နှ င့် တို င်း ၁၅ ခု မှ မြို့နယ်ပေါင်း ၁၇၄ မြို့နယ်၊ ၎င်း ၁၇၄ မြို့နယ်ထဲမှ မတူ ညီသည့်
ရပ်ကျေး အု ပ်ချုပ်ရေးနယ်မြေ ၄၉၈ နယ်မြေ၏ အချက်အလက်အလက်များကို ရရှိခဲ့ သည်။ BACS
အနေဖြင့် အဆို ပါ ရပ်/ကျေးအု ပ်ချုပ်ရေး နယ်မြေ ၄၉၈ နယ်မြေတွင် စစ်ကောင်စီ၏ အဓမ္မစစ်သား
စု ဆောင်းနို င်မှု အခြေအနေ၊ ပြုလု ပ်သည့်ပုံ စံ နှ င့် အကျိုးသက်ရောက်မှုရှိခဲ့ သည့် ဦးတည်အု ပ်စု များနှ င့်
နယ်မြေဒေသများအကြောင်းကို လေ့ လာခဲ့ သည်။
စာရင်းကောက်ယူရရှိခဲ့သည့် ဒေသနှင့် အရေအတွက်
ရပ်/ကျေးအု ပ်ချုပ်ရေး နယ်မြေ ၄၉၈ နယ်မြေကို ပြည်နယ်နှ င့် တို င်းအလို က် ပြန်လည်ခွဲခြားရာတွင်
ရန်ကု န်တို င်းမှ အချက်အလက် အများဆုံးရရှိခဲ့ ပြီး၊ မန္တလေးတို င်းသည် ဒု တိယဖြစ်ကာ ကရင်နီဒေသ
သည် ရရှိမှု အနည်းဆုံးဖြစ်သည်။
တနည်းအားဖြင့် တို င်းများမှ အချက်အလက်များ ပို မို ရရှိသည်ကို
တွေ့ရပြီး ပြည်နယ်များမှ အချက်အလက် ရရှိမှုနည်းပါးသည်ကို အောက်ပါအတို င်းတွေ့နို င်သည်။
တိုင်းနှင့် ပြည်နယ်အလိုက် စာရင်းကောက်ယူရရှိခဲ့သည့် ဒေသနှင့် အရေအတွက်