စစ်ကောင်စီသည် စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း Burma Affairs & Conflict Study Contact: info@burmaacs.org ပြည်သူ့စစ် တနည်းအားဖြင့် ပျူစောထီးများအဖြစ် အင်အားစု ဆောင်းခြင်းကို စစ်မှုထမ်း အကောင်အထည်ဖော်မှု မတို င်ခင်ကတည်းက စတင်နေခြင်းဖြစ်သည်။ အချို့ ဒေသများတွင် ၁ ရွာလျှင် စစ်မှုထမ်းအတွက် ၁ ယောက် လျာထားသည့်အပြင် အသက် ၁၈ မှ ၆၀ အထိ ရှိသည့် ပြည်သူ့စစ် (ပျူစောထီး) အယောက် ၂၀ မှ ၃၀ အထိ ခေါ်ယူ သင်တန်းပေးကာ ကျေးရွာပြည်သူ့စစ်များ အဖြစ် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ ပြည်သူ့စစ် (ပျူစောထီး) စု ဆောင်းရာတွင် အချို့ရွာများတွင် မဲ နှိုက်ရွေးချယ်ပြီး အချို့ရွာများတွင် အတင်းအကျပ် ခေါ်ယူ သွားသည်များ ရှိခဲ့ သည်။ စု ဆောင်းရရှိသူ များ ကို ရက်တို သင်တန်းများပေးကာ လက်နက်တပ်ဆင်ပြီး ရပ်ရွာလုံ ခြုံ ရေးအတွက် ထားရှိသည်ကို တွေ့ရ ပြီး၊ ရှေ့တန်းစစ်မြေပြင်တို က်ပွဲများသို့ ပို့သည်များလည်း တွေ့ရသည်။ ထင်ရှားသည့်ဖြစ်စဉ်မှာ ရခို င် ဒေသတွင်း ရို ဟင်ဂျာများကို တပ်သားအဖြစ် အဓမ္မစု ဆောင်းသင်တန်းပေးပြီး ရှေ့တန်းတို က်ပွဲများသို့ ပို့ လွှတ်ခြင်းဖြစ်သည်။ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးသည့်နောက် ပြည်သူ့စစ် (ပျူစောထီး) စု ဆောင်းမှု ပြုလု ပ်ခဲ့ သည့် မြို့နယ်ပေါင်း ၄၀ ရှိခဲ့ ပြီး စု ဆောင်းခံ ရသူ ၂၁၀၀ ကျော်အထိ ရှိခဲ့ သည်။ စု ဆောင်းခံ ရ သူ များထဲတွင် ရို ဟင်ဂျာ ၉၀၀ ကျော်ပါဝင်ပြီး ရှေ့တန်းသို့ ပို့လွှတ်ခံ ရကာ တို က်ပွဲများအတွင်း သေဆုံး သူ များလည်း ရှိခဲ့ သည်။ ကျောက်ပန်းတောင်းတပ်နယ်တွင် ပြည်သူ့စစ် (ပျူစောထီး) များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးနေစဉ် (ဓာတ်ပုံ -စစ်ကောင်စီ) ပြည်သူ့စစ်စု ဆောင်းမှုကို အဆိုးဆုံး ခံ စားရသည်မှာ ဆီဆို င်၊ ဟို ပုံးနှ င့် ပင်လောင်း ဒေသများတွင်ဖြစ်ပြီး ပအို ဝ်းပြည်သူ့စစ် PNO/PNA က စု ဆောင်းခြင်းဖြစ်သည်။ စစ်ကို င်းတို င်း ကန့်ဘလူ ၊ ကျွန်းလှ ၊ တန့် ဆည် ဒေသများတွင်လည်း ၅၅၀ ဆရာတော်ဟု နာမည်ကြီးသည့် ဝါသဝ ဘု န်းကြီးက ဦးဆောင်ကာ ပြည်သူ့စစ်များ စု ဆောင်းသည်။ စစ်ကောင်စီ၏ ထု တ်ပြန်ချက်များအရ စစ်မှုထမ်း အတည်ပြုပြီးသည့် နောက် ပဲခူးတို င်း ကံ မ၊ မကွေးတို င်း အောင်လံ ၊ မန္တလေးတို င်း ကျောက်ပန်းတောင်းတပ်နယ်နှ င့် မန္တလေး တပ်နယ် တို့တွင် ပြည်သူ့စစ် သင်တန်းပေးခြင်းနှ င့် လက်နက်တပ်ဆင်ခြင်းများ ပြုလု ပ်ခဲ့ သည်ကို တွေ့ရ သည်။

Select target paragraph3