အစီရင်ခံစာအနှစ်ချုပ် မြန်မာနိုင်ငံအတွင်းရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) လုပ်ငန်းအတွက် လိုအပ်သော အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများ စတင်တည်ဆောက်သည့် လုပ်ငန်းစဉ်သည် နိုင်ငံအပေါ်တွင် သိသာသော ပြောင်းလဲသက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။ မိုဘိုင်းဖုန်း အသုံးပြုမှုသည် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း ၇ % မှ ၃၃ % အထိ တိုးမြင့်လာခဲ့ပြီး ဆက်လက်၍လည်း တိုးမြင့်လျက်ရှိနေပါသည်။ စမတ်ဖုန်းများရရှိ အသုံးပြုနိုင်မှု တိုးပွားလာခြင်းသည် အင်တာနက်အသုံးပြုမှု တိုးပွားလာရန်အတွက် အခွင့်အလမ်းကောင်း ဖြစ်ပါသည်။ ၂ဝ၃ဝ ခုနှစ်တွင် အိုင်စီတီကဏ္ဍဆိုင်ရာ စီးပွားရေးလုပ်ငန်းများမှ မြန်မာ့ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ ၆.၄ ဘီလျံ (အမေရိကန်ဒေါ်လာ) ခန့်အထိ ရှိလာနိုင်မည်ဟု ခန့်မှန်းပြီး၊ လုပ်သားအင်အား နှစ်သိန်းလေး သောင်းခန့်အထိ အလုပ်အကိုင် ခန့်ထားပေးနိုင်မည်ဟု ခန့်မှန်းပါသည်။ အိုင်စီတီကဏ္ဍသည် မြန်မာနိုင်ငံအပေါ် ပြောင်းလဲသက်ရောက်မှုများကို ဖြစ်ပေါ်စေသည့် တစ်ချိန်တည်းတွင် နိုင်ငံ အတွင်း အခြားသော ပြောင်းလဲမှုများဖြစ်သည့် - ဆယ်စုနှစ်များစွာတည်ရှိခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိ ပက္ခများ၊ အာဏာရှင်အုပ်ချုပ်မှုများနှင့် စီးပွားရေးအရ အထီးကျန်ဆန်ခြင်းများ - မှ ရုန်းထွက်ကာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြောင်းလဲမှုများ ဖြစ်ပေါ်နေချိန် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အုပ်ချုပ်ရေးကဏ္ဍ အားနည်းမှုရှိကာ စွန့်စားရမှုမြင့်မားသည့် နိုင်ငံတစ်နိုင်ငံ အခြေအနေတွင် ရှိနေလျက်ရှိပြီး၊ ယင်းအခြေအနေတွင် ကာလအတိုင်းအတာ တစ်ခုအထိ ဆက်လက်၍လည်း ရှိနေဦးမည်ဖြစ်ပါသည်။ အိုင်စီတီကဏ္ဍ၏ ဝန်ဆောင်မှုများ တိုးမြှင့်ရရှိရေး အလျှင်စလို ဆောင်ရွက်ခြင်းသည် အထူးသဖြင့် လုံလောက်သော မူဝါဒများနှင့် ဥပဒေရေးရာမူဘောင်များ ပြည့်စုံမှု မရှိသည့်အနေအထားတွင် စိန်ခေါ်မှုများကို ဖြစ်ပေါ်စေပါသည်။ ကွန်ရက်တပ်ဆင်မှုလုပ်ငန်းများနှင့် အခြားသော ဝန်ဆောင်မှုများ နှစ်မျိုးလုံးတွင် ယင်းမူဘောင်များ အားနည်းနေသလို၊ တိုးပွားလာနေသော အိုင်စီတီ အသုံးပြုမှုများ၏ လူမှုအသိုက်အဝန်းပေါ် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်နေမှုများအား ထိန်းချုပ်ခြင်းနှင့် စဉ်းစားသုံးသပ်ခြင်း - ဥပမာ - ဆက်သွယ်မှုများနှင့် အွန်လိုင်း “အမုန်းစကား ပြောဆိုမှုများ“ အား စောင့်ကြည့်ခြင်းတို့ အားနည်းနေလျက် ရှိပါသည်။ မူဝါဒနှင့် ဥပဒေရေးရာမူဘောင်များတွင် လစ်ဟာမှုများရှိနေခြင်းသည် ပြည်သူလူထု၏ အိုင်စီတီ အသုံးပြုရာတွင် အတွေ့အကြုံ နည်းပါးမှုတို့နှင့် ပေါင်းစပ်မိသောအခါ လွဲမှားစွာအသုံးပြုခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ လိုက်နာသင့် သည့် အချက်များအပေါ် ဆိုးကျိုးသက်ရောက်မှုများ - အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ကိုယ်ရေး ကိုယ်တာ အချက်အလက်လုံခြုံရေးဆိုင်ရာ အခွင့်အရေးတို့အပေါ် ထိခိုက်လာနိုင်စေခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံရှိ အိုင်စီတီကဏ္ဍတွင် စီးပွားရေးလုပ်ငန်းများကို တာဝန်ယူမှုရှိရှိ လုပ်ဆောင်ရာတွင် စီးပွားရေး လုပ်ဆောင်မှုများအနေဖြင့် မြန်မာနိုင်ငံသားများအပေါ် ရှိလာနိုင်သည့်သက်ရောက်မှုများကို ထည့်သွင်းစဉ်း စားဆုံးဖြတ်နိုင်စေရေး ရှုပ်ထွေးသည့် လုပ်ငန်းစဉ်ဖော်ဆောင်မှုအခြေအနေကို နားလည်ပြီး၊ ယင်းအခြေအနေ၏ အကန့်အသတ်များကို သိရှိနားလည်အောင် ကြိုးစားရန် ခိုင်မာသည့်သံဓိဌာန် လိုအပ်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် မယဉ်ပါးသေးသည့် လူထုပညာပေးရေးနှင့် ပညာပေးဆွေးနွေးဖလှယ်ပွဲများကို တိုးမြှင့် လုပ်ဆောင်နိုင်ရေး စီးပွားရေးလုပ်ငန်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် လူမှုအသိုက်အဝန်းများကြားတွင် တက်ကြွ ထိတွေ့ ဆွေးနွေးဖလှယ်မှုများရှိရန် လိုအပ်မည်ဖြစ်သည်။ ထို့အတူ တာဝန်ယူမှုရှိသော စီး��ွားရေးလုပ်ကိုင်ဆောင်ရွက်မှုများတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆိုးကျိုးသက် ရောက်မှုများကို ကိုင်တွယ်စီမံရာတွင် ကွာဟချက်များကို ဖြည့်ဆီးပေးနိုင်ရန် အားကောင်းသည့် ချဉ်းကပ်လုပ်ဆောင်မှု များကို လိုအပ်မည်ဖြစ်သည်။ စီးပွားရေးလုပ်များ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက်လေ့လာဆန်းစစ်ခြင်း (Sector Wide Impact Assessment – SWIA) ကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှ MCRB ကို ပူးတွတဲ ည်ထောင်ခသ့ဲ ည့် အဖွဲ့ အစည်းနှစရ် ပ်ဖြစ်သည့် ယူကေအခြေစိကု Institute of Human Rights and Business အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ 1

Select target paragraph3