ရင်းနှီးမြှုပ်နှံသူများသို့ အကြံပြုချက်များ ၁။ မြန်မာနိုင်ငံရှိ အိုင်စီတီကဏ္ဍတွင် ပါဝင်ပတ်သက်နေသော ကုမ္ပဏီများအပေါ် ၄င်းတို့စီးပွားရေးလုပ်ငန်း များအကြောင်း အသေးစိတ်လေ့လာစိစစ်မှု လုပ်ဆောင်ရန်။ မြန်မာနိုင်ငံတွင် ကြုံတွေ့ရသည့် လူ့အခွင့်အရေးများဆိုင်ရာ စိန်ခေါ်မှုများအတွက် အဆိုပါကုမ္ပဏီများ ထားရှိကျင့်သုံး သည့် မူဝါဒများ၊ စနစ်များ၊ အစီရင်ခံခြင်းနှင့် တုန့်ပြန်သည့် နည်းလမ်းများကို အသေးစိတ်လေ့လာဆန်းစစ်မှု ပါဝင် သင့်ပါ���ည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၄င်းတို့ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများသည် လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုး အန္တရာယ်များ ဖန်တီးနိုင်သည်ဆိုသည့်အချက်ကို နားလည်ရန် လိုအပ်ပါသည်။ ထိုသို့ ဖန်တီးနေမှုများရှိနေပါက ကုမ္ပဏီများအနေဖြင့် အဆိုပါဆိုးကျိုးများကို တားဆီးခြင်းနှင့် သက်ရောက်မှုပမာဏကို လျော့ချနိုင်ရေးနှင့် သက် ရောက်မှုများကို ပြန်လည်ကုစားပေးရမည့် အဆင့်များကို သိရှိနားလည်ထားသင့်ပါသည်။ ၂။ ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံရှိ အိုင်စီတီကဏ္ဍတွင် ပါဝင်လုပ်ကိုင်နေသည့် မိမိတို့ရင်းနှီးမြှုပ်နှံ ထားသည့် ကုမ္ပဏီများနှင့် ထိတွေဆက်ဆံကာ ၄င်းတို့လုပ်ငန်းလုပ်ကိုင်ရာတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ အလေ့အထများသည် နိုင်ငံတကာ စံချိန်စံညွန်းများနှင့် ကိုက်ညီမှုရှိစေရန် လုပ်ဆောင်ရန်။ အဆိုပါအချက်ကို လုပ်ဆောင်ရာတွင် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုသော်လည်းကောင်း၊ သို့မဟုတ် နယ်ပယ်အသီးသီး မှ လူပုဂ္ဂိုလ်များ၏ လှုပ်ရှားဆောင်ရွက်မှုများတွင် ပါဝင်ခြင်းသော်လည်းကောင်း လုပ်ကိုင်နိုင်ပါသည်။ ၃။ မြန်မာနိုင်ငံရှိ အိုင်စီတီကဏ္ဍတွင် စီးပွားရေးလုပ်ကိုင်သော ကုမ္ပဏီများအား နိုင်ငံအတွင်းရှိ မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်းလည်ပတ်နေမှုများနှင့် ဆက်စပ်ဖြစ်ပေါ်နိုင်သည့် စွန့်စားရမှုများနှင့် သက် ရောက်မှုများကို ၄င်းတို့ ကိုင်တွယ်ဖြေရှင်းပုံကို အခါအားလျော်စွာ ထုတ်ပြန်ရေးကို တွန်းအားပေးရန်။ အမေရိကန်အစိုးရ၏ “မြန်မာနိုင်ငံအတွင်း၌ ဝာာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများအပေါ် ထုတ်ပြန်ရန် လိုအပ်ချက် များ“ ကို ပွင့်လင်းစွာ ထုတ်ပြန်ကြေညာခြင်းများအတွက် မူဘောင်တစ်ခုအဖြစ် အသုံးပြုနိုင်ပါသည်။ အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ 37

Select target paragraph3