အိုင်စီတီကုမ္ပဏီများ၊ ကျယ်ပြန့်သည့် အိုင်စီတီကဏ္ဍ ပြုပြင်ပြောင်းလဲရေးများအတွက် အစိုးရနှင့် ထိရောက်စွာ
ထိတွေ့ဆက်ဆံရန် လူမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် တိုးတက်စေရန် အစီအစဉ်များကို ထောက်ပံ့ပေးရန်
(အထက်တွင် ဖော်ပြထားသော အရပ်ဘက်အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး ကာကွယ်သူများအတွက် အကြံ
ပြုချက်များတွင် ကြည့်ရန်)
အိုင်စီတီကိစ္စရပ်များအား သတင်းရေးသားနိုင်ရန် သတင်းမီဒီယာများ၏ စွမ်းဆောင်ရည်တိုးစေသည့် အစီအစဉ်
များကို ထောက်ပံ့ရန်။
မြန်မာပြည်သူလူထုနှင့် လူမှုအဖွဲ့အစည်းများ ပို၍ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံနိုင်ပြီး အလို့ငှာ သတင်း
အချက်အလက်နှင့် ကျွမ်းကျင်သည့်လုပ်ငန်းဆိုင်ရာ အကြံဉာဏ်များ ရရှိနိုင်စေနိုင်မည် ဖြစ်သည်။ သို့မှသာ
မြန်မာနိုင်ငံတွင် အိုင်စီတီ ကဏ္ဍပြုပြင်ရေးအတွက် လုပ်ကိုင်နေသော နိုင်ငံတကာငွေကြေးဆိုင်ရာအဖွဲ့စည်းများ
(IFIs) ကို အားပေးရန်။
၂။ ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများမှ လူ့အခွင့်အရေးများကို လေးစားလိုက်နာစေမည့် တာဝန်ယူမှု
ရှိသော စီးပွားရေးလုပ်ငန်း အလေ့အထများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေမှု
များအား ထောက်ပံ့ပေးသွားရန်။
ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာလမ်းညွှန်ချက် အခြေခံမူများ - အကာအကွယ်
ပေးရေးဆိုင်ရာ နိုင်ငံတော်၏ တာဝန်။
၂။
နိုင်ငံများအနေနှင့် မိမိတို့၏နယ်နမိတ်အတွင်း အခြေကျ လုပ်ကိုင်ဆောင်ရွက်နေကြသောနှင့်/သို့မဟုတ် မိမိတို့၏ တရား
စီရင်ပိုင်ခွင့် နယ်ပယ်အတွင်းရှိနေသော စီးပွားရေးလုပ်ငန်းများ အားလုံးသည် ၄င်းတို့၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု
တစ်လျှောက်လုံး၌ လူ့အခွင့်အရေးများကို လေးစားလိုက်နာမှုရှိရေးဆိုသည့် နိုင်ငံ၏မျှော်လင့်ချက်ကို ရှင်းရှင်းလင်းလင်း
ချမှတ် ဆောင်ရွက်သင့်ပါသည်။
အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ
ဌာနေနိုင်ငံများမှ အစိုးရများသည် မြန်မာနိုင်ငံတွင် ရင်းနီးမြှုပ်နှံနေသူများ သို့မဟုတ် ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေ
သည့် ၄င်းတို့နိုင်ငံတွင် အခြေစိုက်သည့် ကုမ္ပဏီများအား ၄င်းတို့မျှော်မှန်းချက်များကို ကြိုတင်၍ စောလျင်စွာ
ရှင်းလင်းပြောပြထားသင့်သည်။ ယင်းအချက်တွင် သတင်းအချက်အလက်များကို အများသိစေရန် လုပ်ဆောင်ရ
မည့် လိုအပ်ချက်များအပါအဝင် ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်
အခြေခံမူများ၊ သင့်လျော်ပါက နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများအတွက် OECD လမ်းညွှန်ချက်များ (OECD
Guidelines on Multinational Enterprises) အတိုင်း လုပ်ငန်းများကို လည်ပတ်သင့်သည်ဆိုသော ရှင်းလင်း
ပြတ်သားသည့် မျှော်လင့်ချက်များ ပါဝင်သင့်သည်။ ပိုမိုကောင်းမွန်သည့် စံချိန်စံညွှန်းများကို ပံ့ပိုးပေးသည့် မြန်မာ့
ဥပဒေများ မရှိသေးသည့်ကာလတွင် ဌာနေအစိုးရများအနေဖြင့် ကုမ္ပဏီများအား အပြည်ပြည်ဆိုင်ရာ ငွေကြေး
ရန်ပုံငွေအဖွဲ့(IFC) ၏ လုပ်ငန်းဆောင်ရွက်မှု စံချိန်စံညွှန်းများ (IFC Performance Standards) နှင့် ကမ္ဘာ့ဘဏ်
အုပ်စု၏ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ရန်
အတွက် အားပေးသင့်ပါသည်။
အစီရင်ခံခြင်းဆိုင်ရာ လိုအပ်ချက်များကို သတ်မှတ်ရာတွင် အမေရိကန်အစိုးရ၏ “မြန်မာနိုင်ငံအတွင်း၌ ဝာာဝန်
ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများအပေါ် အစီရင်ခံရန် လိုအပ်ချက်များ“ ပုံစံ သို့မဟုတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
ကိစ္စရပ်များ၊ လူမှုရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများအပါ် ကုမ္ပဏီများ၏ အခြားသော အစီရင်ခံရန်
လိုအပ်ချက်များ (ဥပမာ ဥရောပသမဂ္ဂထဲရှိ အချက်များ)ကို ရယူကျင့်သုံးရေးအတွက် စဉ်းစားရန်နှင့် ���ူ့အခွင့်
အရေးဆိုင်ရာ ချိုးဖောက်နိုင်မှုအတွက် အန္တရာယ်ကြီးမားသော နိုင်ငံတစ်ခု အခြေအနေတွင် ရှိနေသေးသည်ဖြစ်ရာ
ကုမ္ပဏီများကို မြန်မာနိုင်ငံအတွက် သီးခြားရည်ရွယ် အစီရင်ခံ သတင်းထုတ်ပြန်ရေးသားခြင်းများကို လုပ်ဆောင်
ရေးအတွက် အားပေးတိုက်တွန်းရန်။
အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ
35