ဆိုင်းပိတ်ဆို့စေခြင်းများအတွက် မြန်မာနိုင်ငံအစိုးရ (အဆင့်တိုင်း) ထံမှ တောင်းဆိုမှုများ လက်ခံရရှိမှု များအပေါ် မြန်မြန်ဆန်ဆန် သတင်းထုတ်ပြန်ရန်။ အစိုးရမှကုမ္ပဏီများအား တောင်းဆိုသည့် အချက် များကို ကုမ္ပဏီများဘက်မှလည်း မည်သို့ တုန့်ပြန်ဆောင်ရွက်သည်ကို ထုတ်ပြန်ခြင်းဖြင့် ပိုမို၍ပွင့်လင်း မြင်သာမှုရှိစေရေးအတွက် အားပေးလှုံ့ဆော်ပြသရာ ရောက်မည်ဖြစ်သည်။ - ဝန်ဆောင်မှုများကို ဒေသခံဘာသာစကားဖြင့် ဆောင်ရွက်ပေးခြင်းနှင့် မြန်မာစာလုံးကို ဝန်ဆောင်မှုများ၌ ကြိုတင်ထည့်သွင်းထားခြင်းဖြင့် မြန်မာနိုင်ငံရှိ အသုံးပြုသူများအား ကုမ္ပဏီနှင့် ပိုမိုလွယ်ကူစွာ ဆက် သွယ်နိုင်စေရန်အတွက် လုပ်ဆောင်ရန်။ - ဝန်ဆောင်မှုဆိုင်ရာ သတ်မှတ်ခေါ်ဝေါ်မှုများ၊ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးဆိုင်ရာ မူဝါဒများ စသည်တို့အပါအဝင် ဆက်သွယ်ရေးဆိုင်ရာ တွေ့ကြုံရနိုင်သော အန္တရာယ်များကို ရှင်းလင်း လွယ်ကူသောနည်းဖြင့် (ဥပမာ ဂရပ်ဖစ်ရုပ်ပုံများ အသုံးပြုခြင်းအားဖြင့်) အသုံးပြုသူများ သိရှိနိုင်အောင် အလေးပေး ဆောင်ရွက်ရန်။ ၂။ ယခု SWIA အစီရင်ခံစာ တစ်လျောက်လုံးတွင် တင်ပြထားသည့် အကြံပြုချက်များနှင့် သီးသန့်ဖြစ်လာ နိုင်သည့် အန္တရာယ်ဆိုင်ရာအချက်များကို ကုမ္ပဏီ၏လုပ်ငန်းများနှင့် လုပ်ငန်းဆိုင်ရာ ဆက်ဆံပြောဆိုမှု များတွင် ထည့်သွင်းဆောင်ရွက်ရန်။ ယခုကဏ္ဍတွင် ဖော်ပြထားသည့် အကြံပြုချက်များသည် မြန်မာ့အိုင်စီတီကဏ္ဍတွင် တာဝန်ယူမှုရှိသော စီးပွားရေး ဆိုင်ရာ အလေ့အထများကို သေချာလုပ်ဆောင်စေရန် မတူညီသော အတွေးအမြင်၊ အယူအဆများကို ခြုံငုံ၍ အားလုံးနှင့် အဓိကသက်ဆိုင်သည့် လုပ်ဆောင်နိုင်မှုများကို ထည့်သွင်းဖော်ပြထားပါသည်။ ထို့အပြင် ဤအစီရင်ခံစာ အခန်း (၄) ရှိ ကဏ္ဍဆယ်ခုလုံး၏ ကဏ္ဍတစ်ခုခြင်းစီတွင် သက်ဆိုင်ရာ ကဏ္ဍတစ်ခုခြင်းအတွက် သီးသန့်အကြံပြု ချက်များကို ထည့်သွင်းထားသည်။ ထိုအကြံပြုချက်များမှ ကုမ္ပဏီများအား ၄င်းတို့တစ်လျှောက်လုံး လုပ်ဆောင်နေသည့် လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းလေ့လာမှုများ၊ လုပ်ငန်းလည်ပတ်မှုများ၊ လှုပ်ရှားလုပ်ဆောင်မှုများတွင် ထည့်သွင်း စဉ်းစားသင့်သည့် ပို၍ အသေးစိတ် ထည့်သွင်းသုံးသပ်စဉ်းစားရန် အချက်များနှင့် အကြံပြုချက်များ ပါဝင်သည်။ အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ ၄.၁ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ထင်မြင်ယူဆချက်ပေးနိုင်ခြင်းကိစ္စ - အိုင်စီတီကုမ္ပဏီများအတွက် တိုက်တွန်း အကြံပြုချက်များ။ ၄.၂ အမုန်းစကား ပြောဆိုမှုကိစ္စ - အိုင်စီတီကုမ္ပဏီများအတွက် တိုက်တွန်း အကြံပြုချက်များ။ ၄.၃ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေးကိစ္စ - အိုင်စီတီ ကုမ္ပဏီများအတွက် တိုက်တွန်းအကြံပြု ချက်များ။ ၄.၄ စောင့်ကြပ်ကြည့်ရှုခြင်းကိစ္စ - အိုင်စီတီ ကုမ္ပဏီများအတွက် တိုက်တွန်း အကြံပြုချက်များ။ ၄.၅ ဆိုက်ဘာလုံခြုံရေးကိစ္စ - အိုင်စီတီ ကုမ္ပဏီများအတွက် တိုက်တွန်းအကြံပြုချက်များ။ ၄.၆ အလုပ်သမားရေးရာကိစ္စ - အိုင်စီတီ ကုမ္ပဏီများအတွက် တိုက်တွန်းအကြံပြုချက်များ။ ၄.၇ မြေယာကိစ္စ - အိုင်စီတီ ကုမ္ပဏီများအတွက် တိုက်တွန်း အကြံပြုချက်များ။ ၄.၈ ထိခိုက်မှုအန္တရာယ်ရှိနိုင်သော လူမှု့အဖွဲ့အစည်းများကိစ္စ - အိုင်စီတီကုမ္ပဏီများအတွက် တိုက်တွန်း အကြံပြုချက်များ။ ၄.၉ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များဖြင့် ထိတွေ့ဆက်ဆံခြင်းနှင့် နစ်နာမှုဖြေရှင်းဆောင်ရွက်ပေးရေးဆိုင်ရာ ယန္တရားမ��ား - အိုင်စီတီ ကုမ္ပဏီများအတွက် တိုက်တွန်းအကြံပြုချက်များ။ ၄.၁ဝ ပဋိပက္ခနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ - အိုင်စီတီ ကုမ္ပဏီများအတွက် တိုက်တွန်းအကြံပြုချက်များ။ အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ 25

Select target paragraph3